Chapter 10.3/10.4

580 66 1
                                    

အခန်း ၁၀ ကျီးပါးစပ်ချိုင့်ဝှမ်း (အပိုင်း ၃)

ဟန်ရှုကို ခေါ်ဆောင်သွားပြီးနောက် သတင်းလာပို့သော ကောင်လေးက "ဘယ်တမာန်တော်နဲ့ ညာတမာန်တော်... အကြီးအကဲက မင်းတို့ကို ဖိတ်ခေါ်နေတယ်"

ရန်ကော်နှင့် ဝူကျိတို့က တစ်ယောက်ကို တစ်ယောက်ပြန်ကြည့်လိုက်ပြီး ကောင်လေးနောက်သို့ လိုက်သွားကြသည်။ ဂူပေါက်ကြားမှ ထူထပ်သော ချုံပုတ်များကို ဖြတ်ကျော်ကာ အခြားဂူထံသို့ ဝင်သွားကြသည်။ ညအမှောင်အောက်မှ ဂူအဝင်ဝတွင် မည်းမှောင်နေသော အသွင်သဏ္ဍန်တစ်ခု မတ်တပ်ရနေပြီး ၀တ်ရုံကြီးကြီးကို ဝတ်ဆင်ထားသောကြောင့် အသွင်အပြင်ကို သေသေချာချာ မမြင်နိုင်ပေ။ နှစ်ယောက်သားက ကျင့်သားရနေပြီး ရိုသေစွာ ဦးညွှတ်ကာ "အကြီးအကဲ" ဟု နူတ်ဆက်လိုက်လေသည်။

အရိပ်မည်းကြီးက သူ့လက်ကို မြှောက်ကာ ရတနာများကို လုနေသကဲ့သို့ အရေးတကြီး ပြောလိုက်သည်။ "ငါတို့ ဖမ်းမိတဲ့လူက အဆင့်အတန်းမြင့်တဲ့သူ ဖြစ်ရမယ် မဟုတ်ရင် စုလင်းရဲ့မိန်းမက သူ့ကို ကယ်တင်ဖို့ တောထဲကို ပြေးလိုက်လာမှာ မဟုတ်ဘူး၊ စုလင်းက လောဘကြီးတဲ့သူပဲ၊ သူက သူ့လက်အောက်ငယ်သားတွေကို ပစ်ပယ်တဲ့ ပြစ်မှုကို ကျူးလွန်ပြီး သူ့နံမည်ကို အပျက်ခံမှာ မဟုတ်ဘူး၊ သူ သုံးရက်အတွင်း ကျိန်းသေပေါက်ရောက်လာလိမ့်မယ်"

အမှောင်ထဲတွင် အနည်းငယ် ကျယ်လောင်သော အသံက ခပ်အုပ်အုပ် ထွက်ပေါ်လာသည်။ "စစ်သည်တစ်ယောက်တစ်ယောက် အတွက်တော့ စိတ်တိုတက်တာက သူ့အတွက် အတားအဆီးပဲ။ စုလင်းက နှစ်ပေါင်းများစွာ စစ်မြေပြင်မှာ ရှိနေခဲ့ပေမယ့် ကျော်ကြားမှုရဖို့ နေနေသာသာ အရာရာကို စိတ်ပိုင်းဖြတ်ထားနိုင်တဲ့သူပဲ။ သုံးရက်လောက်က သူ့အတွက် ပြေလည်အောင်ဖြေရှင်းဖို့ လုံလောက်နေပြီ""

ရန်ကော်က မျက်မှောင်ကြုတ်နေပြီး စပ်စုချင်စိတ်ဖြင့် ပြောလိုက်သည်။ "အကြီးအကဲက စုလင်းကို ဘာလို့ လာခိုင်းတာလဲ? ငါ နားမလည်ဘူး၊ သူ့ကို ဖမ်းဖို့ အခွင့်ကောင်း လိုချင်ရင် သူ တန်ပြန်တိုက်စစ်ကို စဉ်းစားနိုင်ဖို့ ဘာလို့ သုံးရက်တောင် အချိန်ပေးလိုက်ရတာလဲ??"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များOnde histórias criam vida. Descubra agora