Chapter 10.7/10.8

579 71 6
                                    

အခန်း ၁၀ ကျီးပါးစပ်ချိုင့်ဝှမ်း (အပိုင်း ၇)

လို့မူဟိုင်က စုလင်း၏ အကြံအစည်ကို နားလည်သော်လည်း ၎င်းကို သဘောမတူနိုင်ချေ။ "ကျီးပါးစပ်တောင်ကြားက ရေစီးကြောင်းက သစ်တောရဲ့အနောက်ဘက်ကနေ စထွက်လာတယ်။ အဲ့တာကို ဖြတ်သွားချင်ရင် အကျဉ်းဆုံးနေရာမှာတောင် ချောက်က ဆယ်လီအထက်မှာ ရှိတယ်။ သစ်သားတံတားနဲ့ ဖြတ်သွားလို့ရ‌ပေမယ့် အဲ့သူပုန်တွေက အရမ်းလိမ္မာပါးနပ်တယ်။ ငါတို့စစ်တပ်က တစ်ဖက်ကမ်းကို စောစောစီးစီး ကူးသွားပြီး ချုံခိုတိုက်ခိုက်မယ်ဆိုရင် သူတို့မပေါ်လာမှာကို ငါ စိုးရိမ်တယ်၊ အဲ့ဒါဆိုရင် ဟန်ဗျုဟာမှူးလည်း အန္တရာယ်ရှိလိမ့်မယ်"

သူက ထိုသူပုန်များနှင့် နှစ်ပေါင်းများစွာ ဆက်ဆံခဲ့ရပြီး သူတို့၏ ကောက်ကျစ်မှု၊ လှည့်ကွက်များနှင့် သူတို့၏သတိရှိသော သဘောသဘာဝကို ရင်းနှီးနေခဲ့သည်။

လက်ထောက်ယုက "လို့စစ်သူကြီး၊ ခင်ဗျားက ဘာမှ ကြိုတင် မပြင်ဆင်ထားဘဲ သူပုန်တွေပေါ်လာမှ တိုက်ခိုက်တာက အကောင်းဆုံးလို့ ဆိုလိုတာလား??"

"အဲ့တာက ငါ ပြောချင်တာပဲ" လို့မူဟိုင်က ခေါင်းညိတ်ပြလိုက်ပေမယ့် မကြာခင်မှာပဲ ခေါင်းယမ်းလိုက်ပြန်ကာ သက်ပြင်းချနေရင်း "ဒီချောက်က ဆယ်လီကျော်ကျယ်တယ်၊ ဒါပေမယ့် စစ်သူကြီးစုမှာက နက်နဲတဲ့ အတွင်းအားရှိတယ်။ သူက သူ့အစွမ်းနဲ့သူ ဖြတ်သွားနိုင်တယ်။ စစ်သည်တွေအတွက်က တကယ်ကို ခက်ခဲတယ်"

အောက်ဘက်မှ ရေစီးက အရမ်းပြင်းထန်နေတာကြောင့် မည်မျှပင် ရေကူး ကျွမ်းကျင်နေပါစေ ဖြတ်ကျော်ဖို့ မဖြစ်နိုင်ပါဘူး။ ချောက်ရဲ့အကွာအဝေးက ကျယ်လွန်းနေတာကြောင့် ခုန်ကျော်ဖို့လည်း မဖြစ်နိုင်ပြန်ဘူး။ ဒါဆို ဘယ်လိုနည်းနဲ့ အမြန်ဆုံး ဖြတ်ကျော်နိုင်မလဲ?? ခက်ခဲလွန်းနေပေမယ့် တစ်ဖက်လူတွေကို ဖမ်းဖို့ကလည်း လိုအပ်နေပြန်တယ်။

တစ်ချိန်တည်းမှာပင် လူအများအပြားက ဘာမှ တွေးနိုင်လောက်အောင် ရှုပ်ထွေးနေပြီး လမ်းပျောက်နေကြသည်။ ထိုအချိန်တွင် ကုယွင်က ခေါင်းကို ဖြည်းညှင်းစွာ မော့လာခဲ့ပြီး သူမမျက်လုံးများက ယုံကြည်မှုများဖြင့် တောက်ပနေသည်။ သူမက "တကယ်တော့ ဒီချောက်ကြီးကို ဖြတ်ကျော်ဖို့ နည်းလမ်း မရှိတာတော့ မဟုတ်ပါဘူး!"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များTahanan ng mga kuwento. Tumuklas ngayon