Chapter 8.1

632 65 0
                                    

အခန်း ၈ ရွှေအမှုဟောင်း (အပိုင်း ၁)

ကျယ်ဝန်းသော အခန်းက ခန်းဆီးများ၊ ကန့်လန့်ကာများ သို့မဟုတ် ကြေးမုံမှန်များ မရှိဘဲ အမျိုးသမီးတစ်ဦးနှင့် လုံးဝ မတူပေ။ သို့သော်လည်း မဟော်ဂနီကုတင်ကြီးပေါ်တွင် သေးသွယ်ပြီး နူးညံ့သိမ်မွေ့ပုံရသော အမျိုးသမီးငယ်လေးတစ်ဦး လဲလျောင်းနေသည်။ သူမက သူမ၏မျက်လုံးများကို မှိတ်ထားပေမယ့် သူမမျက်နှာပေါ်တွင် နာကျင်များ မရှိသလို အရောင်ဖျော့နေခြင်းလည်း မရှိပေ။ သူမက အိပ်ပျော်နေသကဲ့သို့ ငြိမ်သက်နေသည်။ သို့သော် အခန်းအတွင်းမှ လေထုကတော့ သူမကဲ့သို့ ငြိမ်းချမ်းမနေဘဲ ကုတင်ဘေးတွင် ရပ်နေသော အဘိုးကြီးက သူ့ချွေးတွေကို မကြာခဏ သုတ်နေရင်း မိန်းခလေး၏သွေးခုန်နူန်းကို စမ်းသပ်နေသည်။ အခန်းအလယ်မှ အလွန်စိတ်တိုဒေါသထွက်နေသော စစ်သူကြီးကြောင့် သူက ထိတ်လန့်တုန်လှုပ်နေပြီး အခန်း၏အလယ်နေရာကို လှည့်တောင် မကြည့်ဝံ့ပေ။

အချိန်အတော်ကြာပြီးနောက် အဘိုးအိုက သူ့လက်ကို ဖြည်းညှင်းစွာ ပြန်ဆွဲထုတ်လိုက်ပြီး စုယွိက ချက်ချင်း ရှေ့ကို တိုးလာကာ စိုးရိမ်တကြီးနဲ့ "ဘယ်လိုနေသေးလဲ"

သူ့ကို ဆေးကုသဖို့ အိမ်တော်ကို လာခေါ်တဲ့ စစ်သည်ငယ်လေးက သတိလစ်နေတဲ့ မိန်းကလေးက စစ်သူကြီးစု၏ဇနီးဟု ပြောပြခဲ့သည်။ ထို့ကြောင့် သူက ရောဂါရှာဖွေမှုတွင် မှားသွားမည်ကို စိုးရိမ်သောကြောင့် လုံးဝ မပေါ့ဆရဲပေ။ စုယွိ၏ အကြည့်အောက်တွင် အဘိုးအိုက အေးစက်သော ချွေးများ ထွက်နေသော်လည်း အဓိပ္ပါယ်ကို အတိအကျမဖော်ပြဝံ့ဘဲ တုန်တုန်ယင်ယင်ဖြင့် "သခင်မလေး... သူ(မ)ရဲ့သွေးခုန်နှုန်းက ပျော့ပျောင်းပြီး အသက်ရှုသံကလည်း တည်ငြိမ်တယ်... ပုံမှန်လိုပါပဲ... ဒီလူအိုကြီးက သိပ်အရည်အချင်း မရှိဘဲ ဗဟုသုတ နည်းတာကြောင့် ဘာရောဂါလဲဆိုတာတော့ မပြောနိုင်ပါဘူး"

လာပြန်ပြီ နောက်ထပ် သမားယောင်တစ်ယောက်!

စုယွိက ဒေါသတကြီးနဲ့ အော်လိုက်သည်။ "ထွက်သွား"

အဘိုးအိုက မြန်မြန်ထရပ်ပြီး ပြေးထွက်သွားပေမယ့် စုယွိက တံခါးအပြင်ဘက်မှ စစ်သည်တွေကို အော်ဟစ် ဆူပူနေသည်။ "မင်းတို့တွေ ဒီလိုအယောင်ဆောင်ထားတဲ့ သမားတော်တွေကိုပဲ ရှာနေတော့မှာလား"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now