Chapter 7.3

600 63 0
                                    

အခန်း ၇ ညဘက်စီးနင်းတိုက်ခိုက်မှုနှင့် ကာကွယ်မှု (အပိုင်း ၃)

သူတို့သုံးယောက်သား ရှေ့နားက အခန်းဆီကို သတိထားနဲ့ ပြေးဝင်သွားချိန်မှာ အနောက်ဘက်က ရုန်းရင်းဆန်ခတ်ဖြစ်နေသံကို ကြားလိုက်ရသည်။ တစ်ယောက်ယောက်က ရိပ်မိသွားပုံရတာကြောင့် သူတို့ အရှိန်ထပ်မြှင့်ဖို့ လိုနေတာကို သဘောပေါက်လိုက်ကြပြီး အမြန်ပြေးထွက်လာကြသည်။ သူတို့သုံးဦးက ခြံဝန်း၏အခြားတစ်ဖက်သို့ ဖြတ်ကျော်သွားလိုက်ပြီး နောက်ဆုံးတွင် အရှေ့ဘက်သို့ အပြေးအလွှား ရောက်ရှိသွားကြသည်။ ထိုအခိုက်အတန့်တွင် လှည့်ကင်းအစောင့်တစ်ဖွဲ့က ဖြတ်သန်းသွားခဲ့ပြီး အရှေ့ဘက်မှာ ပုန်းအောင်းစရာနေရာ မရှိတာကြောင့် အစောင့်အကြပ်များကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။

အစောင့်‌ခေါင်းဆောင်တုန်းလင်က သူတို့ကို မြင်လိုက်ပေမယ့် မျက်တောင်တောင်မခတ်ဘဲ သူ့နောက်မှ စစ်သည်များကို လှမ်းပြောလိုက်သည်။

"ဖမ်းလိုက်ကြစမ်း"

တကယ်တော့ ဒီလူတစ်ခုက တပ်သားသစ်တွေထက် မပိုပါဘူး။ ရှင်းရှင်းလင်းလင်းပြောရရင် ဒီညတိုက်ခိုက်မှုက သူတို့အတွက် စော်ကားမှုတစ်ခုပါပဲ။

တုန်းလင်၏မျက်လုံးများထဲမှ မထီမဲ့မြင်ပြုမှုများကြောင့် သူတို့ သုံးယောက်က လက်သီးများကို ကျစ်နေအောင်ဆုပ်ထားလိုက်ကြသည်။ ကောကျင့်ယွင်က သူ့ကိုယ်သူ တည်ငြိမ်အောင် တိတ်တဆိတ် သတိပေးနေရင်း သူ့နောက်မှ အနည်းငယ်ပိုပိန်သော စစ်သည်ဆီသို့ ခေါင်းပြန်လှည့်ကာ "သွားကြည့်တော့၊ ငါတို့ မင်းကို ကာထားပေးမယ်"

စစ်သည်ငယ်လေးက ခေါင်းညိတ်ပြပြီး အခန်းထဲသို့ အမြန်ပြေးသွားခဲ့သည်။ ကောကျင့်ယွင်နှင့် အခြားစစ်သည်တစ်ယောက်က တံခါးဘေးဘယ်ညာတွင် ရပ်နေပြီး သူတို့ဆီသို့ ပြေးလာနေသော သန်မာသောလူများကို သတိထားပြီး စိုက်ကြည့်နေသည်။

နှစ်ပေါင်းများစွာ စစ်မှုထမ်းခဲ့သော လူများဆီမှ ပြင်းထန်သော လူသတ်ချင်စိတ်က နီးကပ်လာနေပြီး ကောကျင့်ယွင်က သည်းခံနိုင်ပေမယ့် သူ့ဘေးနားမှ စစ်သည်၏လက်များက အနည်းငယ် တုန်ခါစပြုနေပြီ ဖြစ်သည်။ ကောကျင့်ယွင်က သူ့ကို စိုက်ကြည့်လိုက်ပြီး "ဘာလို့ ထိတ်လန့်နေတာလဲ။ သတိထားစမ်း၊ တာဝန်ကို ပြီးအောင်လုပ်ရမယ်!"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now