Chapter 10.13/10.14

664 83 3
                                    

အခန်း ၁၀ ကျီးပါးစပ်ချိုင့်ဝှမ်း (အပိုင်း ၁၃)

စုလင်းက မူရိ၏အပြုံးမျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး သူ့မှာ ရည်ရွယ်ချက်ကောင်းတွေ ရှိမနေတာကို တွေ့လိုက်ရသည်။ စုလင်းက အေးစက်စက်နဲ့ ပြန်ဖြေလိုက်သည်။ "မလိုဘူး၊ ငါ ပိုက်ဆံမတတ်နိုင်ဘူး"

မူရိ လက်ထဲက အချက်အလက်တွေကို ရဖို့ဆိုတာ တခါတလေ လျန်ထောင်ပေါင်းများစွာ ကုန်ကျတက်တယ်။ အဲ့တာက ပိုက်ဆံကို မီးရှို့နေတာမဟုတ်ဘူးလား?? သူက အဲ့တာတွေကို အထိတ်တလန့်နေပြီ၊ အဲ့အတွက် ပိုက်ဆံမသုံးချင်ဘူး။

မူရိက ရက်ရက်ရောရော ပြုံးနေပြီး "ဒီတစ်ခါ အလကားပါ!"

သူရဲ့သိချင်စိတ်ကို နှိုးဆွပေးနိုင်တဲ့အရာက ဒီလောကကြီးမှာ မရှိသလောက်ရှားတာမို့ ဒီတစ်ခါတော့ သူကိုယ်တိုင် ဝင်ပါချင်မိတာပါ။ အလကားဆိုရင်တောင် ဇာတ်လမ်းက ထူးခြားနေသေးတယ်။ ဒီအမျိုးသမီးက သူ့ကို စူးစမ်းချင်စိတ် ဖြစ်စေတယ်။

လက်ထောက်ယုက မြေပြင်ပေါ်မှာ ဒူးထောက်နေဆဲဖြစ်ကာ စုလင်းက သူ့လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး "ထတော့၊ မင်း မြေပြင်အနေအထားကို ပုံဆွဲခဲ့လား"

လက်ထောက်ယုက အမြန်ထရပ်လိုက်ပြီး သူ့လက်ထဲမှ စာရွက်လေးတစ်ရွက်ကို ထုတ်ယူလိုက်ပြီး "ဒီငယ်သား ဆွဲခဲ့ပေမယ့် နည်းနည်းလေးတော့ လွဲနေတယ်၊ နောက်ထပ် လမ်းကြောင်းကို မပြောနိုင်တော့ဘူး..."

စာရွက်ကို ဖြန့်လိုက်သည်နှင့် မိုးရေကြောင့် ပုံပေါ်ရှိ မှင်အမှတ်အသားများက မှုန်ဝါးနေကာ ထိုအပေါ်တွင် ရေးဆွဲထားသည့်အရာများကို မြင်တွေ့ရန် မဖြစ်နိုင်သလောက်ပင်။ လက်ထောက်ယုက ရုတ်​တရက်​ ထိတ်​လန့်​သွားသည်​။ သူ တစ်​​နေ့လုံး အလုပ်​ရှုပ်ခဲ့ရတာလေ??? နောက်ဆုံးတော့ ​ ဘာဖြစ်သွားပြီလဲ??!

မှုန်ဝါးဝါး မြေပုံ၏ပတ်ပတ်လည်တွင် အရွယ်ရောက်နေသော ယောကျာ်းသားကြီးများ ဝိုင်းရံနေပြီး တစ်ချိန်တည်းတွင် လေးလေးနက်နက် တွေးတောနေမိကြသည်။ နောက်ဆုံးတွင် စုရန်က တိုးတိုးလေး သက်ပြင်းချရင်း "အစ်ကို၊ ဒါက စုမိသားစုစစ်တပ်အတွက် တောထဲကိုဝင်တဲ့ ပထမဆုံးအကြိမ်ပါ။ လို့စစ်သူကြီးပြောခဲ့တဲ့စကားအရ ဒီတောအုပ်ကြီးက ကျယ်ပြောပြီး ထူးဆန်းတယ်၊ သူပုန်တွေကလည်း ကောက်ကျစ်ပြီး ရက်စက်တယ်။ အချိန်နဲ့ နေရာမှန်ကို အခွင့်ကောင်းယူပြီး ဝိုင်းရံပြီး နှိမ်နှင်းဖို့က အရမ်းခက်တယ်။ ကျွန်တော်တို့မရီးက မိန်းခလေးဆိုပေမယ့် သူက ရဲရင့်တယ်၊ တောတောင်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိပြီး အခြေအနေကို နားလည်နိုင်တယ်။ အဲ့တာက ကျွန်တော်တို့ စစ်တပ်ကို အကူအညီ ဖြစ်စေနိုင်တယ်၊ မရီးကို လာခိုင်းပြီး သူ(မ)အမြင်ကို နားထောင်ဖို့ ဖိတ်ခေါ်လိုက်ရမလား??"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now