Chapter 16.3/16.4

470 62 1
                                    

အခန်း ၁၆ သူပုန်များကို ဝိုင်းရံခြင်းနှင့် နှိမ်နင်းခြင်း (အပိုင်း ၃)

ထိုအမျိုးသမီးကလည်း စုလင်းကို မကြည့်တော့ဘဲ သူမ၏ နက်မှောင်သော မျက်လုံးများထဲတွင် မကောင်းဆိုးဝါးအရိပ်အမြွက်များ ပြသနေသည်။ ဤကိစ္စတွင် သူမက အဘယ်ကြောင့် ဤမျှ စိတ်ကူးယဉ်ဆန်နေသည်ကို သူမကိုယ်သူမ နားမလည်နိုင်ပေ။ မည်သို့ပင်ဆိုစေ သူမနှင့်သူက နောက်ဆုံးတွင် ရန်သူများသာ ဖြစ်နိုင်သည်။

ထိုအမျိုးသမီးက ထိုနေရာတွင် ဘာမှမထူးခြားသလို ရပ်နေပြီး သူမနောက်မှ စစ်သည်များက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူမကို ချုပ်နှောင်ရန် ကြိုးစားလိုက်သည်။

"သတိထား!" သူမကို တိတ်တဆိတ် စောင့်ကြည့်နေသော ကုယွင်က သူမလက်ထဲမှ ပင်းလျန့်ကို ချက်ချင်း လှုပ်ရှားလိုက်ပြီး စစ်သည်နှစ်ယောက်ရှေ့မှ ပိတ်ဆို့ကာကွယ်လိုက်သည်။ ပင်းလျန့်ဆီမှ ထွက်လာသော အေးစက်သည့်လေထုက စစ်သည်နှစ်ယောက်ကို အမှတ်တမဲ့ နောက်ပြန်ဆုတ်သွားစေသည်။ တစ်ချိန်တည်းမှာပင် ထိုအမျိုးသမီး၏လက်ကောက်ဝတ်ပေါ်မှ မြစိမ်းရောင်ဖဲကြိုးလေးက ဆတ်ခနဲ လှုပ်ခါသွားပြီး မြစိမ်းရောင်မြွေတစ်ကောင်က သူ့၏ပါးစပ်ကို ဖွင့်ကာ စစ်သည်ငယ်နှစ်ဦး မူလရပ်နေသည့်နေရာဆီသို့ လှမ်းပေါက်လိုက်သည်။ အလွန်ထိတ်လန့်စရာကောင်းလွန်းတာကြောင့် စစ်သည်ငယ်နှစ်ဦးက ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးနေကာ ထိုနေရာတွင်ပင် အေးခဲနေကြသည်။

ဒါက အရမ်း နီးလွန်းတယ်! သခင်မသာ သူတို့ကို မတားဘူးဆိုရင် သူတို့ မြွေကိုက်ခံရမှာ သေချာနေပြီ။ မြွေက အရောင်အသွေးစုံပြီး နက်မှောင်တဲ့ ဝမ်းဗိုက်ပါတာကြောင့် အရမ်းအဆိပ်ပြင်းတဲ့ မြွေပဲဖြစ်ရမယ်။ မထင်မှတ်ဘဲ သာမန်ပုံစံသာရှိသော ပျော့ညံ့သော အမျိုးသမီးတစ်ဦး၏ခန္ဓာကိုယ်တွင် ထိုကဲ့သို့ အဆိပ်ကောင် ရှိနေခဲ့တယ်!

ထိုစစ်သည်လေးနှစ်ယောက်က ကြောက်ရွံ့နေကြသော်လည်း ရဲရင့်သောစစ်သည် ခုနစ်ဦး သို့မဟုတ် ရှစ်ဦးတို့က အတူတကွ ချီတက်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ ကုယွင်၏လက်ထဲမှ ပင်းလျန်က ထိုအမျိုးသမီး၏လက်မှ မြွေပုံစံကြာပွတ်ကို ထိနေပြီဖြစ်သည်။ လမ်းကြောင်းမှန်ကို သေချာကြည့်မယ်ဆိုရင် အဲ့ဒါက ပင်းလျန့်ရဲ့ ချွန်ထက်တဲ့အသွားတွေကို ခံနိုင်ရည်ရှိတဲ့ မြွေအ‌ရေခွံကြာပွတ်ပါ။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now