Chapter 15.9/15.10

Start from the beginning
                                    

ကုယွင်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ စစ်တပ်ကြီး ထွက်လာတဲ့အချိန်အထိ သူ ပြန်မလာသေးတဲ့အတွက် သူ အဲဒီမှာ ရပ်နေတုန်း ဖြစ်နိုင်တယ်။ နောက်ဆုံးတော့ အသန့်ကြိုက်လွန်းတဲ့ လူတယောက်ကို ပုပ်ပွနေတဲ့ အမှုန်အမွှားတွေထဲ လူးရအောင် လုပ်လိုက်တာက သူ့ကို သတ်တာထက်တောင် ပိုနာကျင်စေလိမ့်မယ်။ ပျော်စရာကောင်းတဲ့ နေ့တစ်နေ့ပဲ!

ကုယွင်က ပျော်ရွှင်သောစိတ်ဖြင့် လမ်းလျှောက်လာရင်း တစ်ခုခုမှားနေပြီဆိုတာကို ရုတ်တရက် သဘောပေါက်လိုက်သည်။ သူမက စမ်းချောင်းဘေးမှာ ရပ်လိုက်ပြီး သူမ ဘာတွေတွေးနေမှန်းမသိဘဲ ရေ၏ဦးတည်ရာကို စိုက်ကြည့်နေသည်။

ဟန်ရှုက လှည့်ကြည့်လိုက်ပြီး သူမ ရပ်နေတာကို တွေ့တော့ "ဘာတွေ ကြည့်နေတာလဲ?"

ကုယွင်က မျက်မှောင်ကြုတ်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "ဒီနေ့ ရေစီးနှုန်းက ပိုနည်းနေတယ်"

အထက်အရပ်ကနေ စီးဆင်းလာသော ရေစီးကြောင်းက အနည်းငယ်မျှသာ ရှိနေသည်။ ဟန်ရှုက "ရက်အနည်းငယ်လောက် မိုးမရွာတာကြောင့် ဖြစ်နိုင်တယ်။ နှစ်ရက်အတွင်း မိုးသည်းသည်း ရွာလိုက်ရင် ရေတက်လာလိမ့်မယ်။ ချောင်းအတိုင်း လိုက်သွားရအောင်၊ ရေက နည်းနည်း များများ၊ အရေးမကြီးဘူး"

ကုယွင်က ခေါင်းကို ခါယမ်းလိုက်ပြီး အသံတိုးတိုးလေးဖြင့် "ဒါက ပြဿနာ မဟုတ်ဘူး"

ဒီကာလက မိုးရာသီ ဖြစ်နေတာကြောင့် မိုးမရွာရင်တောင် မိုးသစ်တောထဲမှာ ဒီရေနည်းနည်းလေးပဲ ရှိသင့်တာတော့ မဟုတ်ဘူး။ ရေက ရုတ်တရက် ဘာကြောင့် နည်းသွားတာလဲ? ဖြစ်နိုင်တာက...

စုရန်က သူတို့နှစ်ယောက် စမ်းချောင်းဘေးမှာ ရပ်နေတာကို သတိပြုမိသွားပြီး ကုယွင်နောက်သို့ လျှောက်လာကို ရေကို ဂရုတစိုက် ကြည့်လိုက်သည်။ စုရန်၏နှလုံးခုန်သံ ရုတ်တရက် မြည်ဟီးလာပြီး "သူပုန်တွေက စမ်းချောင်းကို ကြားဖြတ်ပြီး ရေကို အသုံးပြုမှာကို ငါ စိုးရိမ်တယ်၊ အဲဒါဆိုရင် မီးကို တားနိုင်လိမ့်မယ်!"

ကုယွင်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ သူပုန်စခန်းက စမ်းချောင်း၏ အထက်ဘက်တွင် ရှိနေပြီး စုလင်း၏ မီးရှို့မည့် အစီအစဉ်ကို သိသွားပါက သူတို့က စမ်းချောင်းကို ကြားဖြတ်ကာ ရေသိုလှောင်ရန် ရွေးချယ်နိုင်သည်။ ရေတံခါးကို ဖွင့်လိုက်ပါက ဆာလဖာနှင့် ရေနံဆီများ မျောပါသွားရုံသာမက၊ ထိပ်တန်းစစ်သည်ငါးထောင်လည်း ရေတံခါးမှဖွင့်လိုက်သည့် ရေအရှိန်ကြောင့် နစ်မြုပ်သွားနိုင်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now