၃၄ (Unicode)

789 46 1
                                    

တစ်ပတ်အကြာမှာပဲ ဆေးရုံဆင်းခွင့်ရလာခဲ့တယ်။ မိုးစက် ပစ္စည်းများသိမ်းဆည်းနေတုန်းမှာပဲ သူ့ခါးပေါ်ထိတွေ့လာတဲ့ လက်တစ်စုံကိုခံစားမိလိုက်သည်။

" မောင် ရောက်လာပြီလား "

" မိုး စောင့်နေရမှာဆိုးလို့ မောင် အလုပ်ကနေ စောစောထွက်ခဲ့လိုက်တာ တည်စက်သာရော "

မိုးစက် ဧည့်ခန်းထဲမှာ ဗီဒီယိုဂိမ်းကစားနေတဲ့ တည်စက်သာကို မေးညွှန်ပြလိုက်သည်။

" ဟိုမှာလေ "

မောင်က သူ့ပါးကို နမ်းပြီး သာသာအနားကိုကပ်သွားတာကို ကြည့်ပဲကြည့်နေခဲ့မိတယ်။ တည်စက်သာလေး သတိရလာတော့ အနွံတာကအရင်လာပြီး သူ့ကိုတောင်းပန်ခဲ့တယ်။

"တည်စက်သာက ပုံပုံဇိန်ရာလေးကို အနိုင်ကျင့်နေတာမြင်တော့ သူသွားတားတာကို သူ့ကိုတွန်းလိုက်တာမို့ သူ့ပါလန့်ပြီး ပြန်တွန်းမိသွားတာပါ။ဒီလောက်ထိဖြစ်သွားဖို့ မရည်ရွယ်ခဲ့ပါဘူး"

မိုးစက် အဲတုန်းက စိတ်မထိန်းနိုင်ဘဲ အနွံတာကိုထိုးလိုက်မိသေးတယ်။ ဒါပေမယ့်လည်း မောင်အဖေကပါ ကြားဝင်တောင်းပန်နေတာမို့ မိုးစက်လဲစိတ်လျော့ခဲ့ရတယ်။

အခုတော့ အိမ်ပြန်ရင် မတွေ့ချင်တာတောင် တွေ့ရအုံးမှာ မိုးစက် ကြို စိတ်ဆင်းရဲနေရသည်။

"မိုး ကိုယ်တို့ မနက်ဖြန်သွားဖို့ အကုန်စီစဥ်ထားပြီးပြီ "

ဘယ်အချိန်ကမှန်းမသိ တည်စက်သာလေးကို ချီထားတဲ့ မောင်က သူ့ဘေးနားရောက်နေခဲ့တယ်။

" အွန််....ကောင်းပါတယ် "

ဆရာဝန်ကလဲ တည်စက်သာကို ပတ်ဝန်းကျင်ကောင်းကောင်းမှာ အနားယူဖို့ မှာထားတာမို့ မင်းဒဿမောင် သူစီစဥ်ထားတဲ့ နှစ်ကိုယ်ကြား သူနဲ့မိုးရဲ့ ဟန်နီးမွန်းလေးက မဖြစ်နိုင်တော့မို့ ဝမ်းနည်းနေပေမယ့် ဒါက သူနဲ့မိုးနဲ့အရင်လို ပြန်အဆင်ပြေဖို့ အချက်ကောင်းတစ်ချက်ဖြစ်တာကို မင်းဒဿမောင်ကြိုမြင်နေခဲ့သည်။

************

"ပြန်လာကြပြီလား ဒီနေ့ဆေးရုံဆင်းရမယ်ဆိုလို့ ကျွန်တော် မနက်ကတည်းက မျှော်နေတာ "

မောင် ပိုင်ဆိုင်မှုWhere stories live. Discover now