၁၃ (unicode )

2.3K 125 21
                                    

အလုပ်မှာ နေတာကြာလာတာနဲ့ မင်းဒဿမောင်က ယောက်ျားလေးတွေကိုပဲ ကြိုက်ပြီး အိမ်တောင်ပြန်မလာဘဲ အမြဲအပြင်မှာ ကောင်ငယ်လေးတွေနဲ့ပဲ အချိန်ဖြုန်းနေတတ်တယ်ဆိုတာ သိလာခဲ့ရတယ်။ အနည်းဆုံး တစ်နှစ်ကိုတစ်ခါပဲ ပြန်လာလေ့ရှိပေမယ့် အိမ်ကြီးသခင်နဲ့သခင်မ ကိုယ်တိုင်က ဘာမှမပြောတာမို့ တစ်အိမ်လုံးက ကလေးရော ခွေးပါမကျန် သိတဲ့ကိစ္စတစ်ခုလို မထူးဆန်းနေပေ။

အစကတော့ သူ့ဘာသာသူ ဘယ်သူ့ကိုကြိုက်ကြိုက် ဘယ်သူနဲ့အိပ်အိပ် မိုးစက်သာဆိုတဲ့ သူ့အတွက် အနေသာကြီးဆိုပေမယ့် ဒီတစ်လျှောက်လုံး မင်းဒဿမောင် ဘေးမှာတစ်ခြားဘယ်သူ့ကိုမှ မတွေ့ရဘဲ သူတစ်ယောက်တည်းသာ ရှိနေခဲ့တာမို့ အခုလို တခြားတစ်ယောက်နဲ့တွေ့လိုက်တဲ့ အချိန် မိုးစက် ရင်ဘတ်ကြီးက စုတ်ပြဲမတတ် နာကျင်လာတာကို သတိထားမိလာခဲ့တယ်

မိုးစက်သာ မင်းဘဝထဲကို နှင်းလေးနဲ့ တည်စက်သာကလွဲရင် အခြားသူအဝင်မခံချင်စမ်းပါနဲ့

မင်းနဲ့ မတန်ဘူး မင်းက မသန့်ရှင်းဘူး

" လူလေး လူလေး "

အတွေးထဲ နစ်နေချိန်မှာပဲ Taxi မောင်းသမားဆီက နှိုးသံကြောင့် မိုးစက်အတွေးတွေထဲကနေ လန့်နိုးသွားရသည်။

" ရောက်ပြီ လူလေး "

" ဟုတ်ကဲ့ဗျ ကျေးဇူးတင်ပါတယ် "

မိုးစက် ကျသင့်ငွေကို ရှင်းလိုက်ပြီး ကျောင်းထဲဝင်လာ၏။

ဆရာများ ရုံးခန်းကိုရောက်တော့ တခါးခေါက်လိုက်ပြီး ဝင်သွားလိုက်သည်။ နံရံထောင့်မှာ မှီပြီးရပ်နေတဲ့ တည်စက်သာ ။ လူမိုက်ပုံစံလိုလိုနဲ့ တစ်ဖက်က အမေ့ရင်ခွင်ထဲက ငိုလွန်းပြီး ရှိုက်နေတဲ့ ကလေးကို လျှာထုတ်ပြနေသေးတယ် ။

"ဆရာ ကျွန်တော်ရောက်ပါပြီ "

သူ့အသံကြားတာနဲ့ တည်စက်သာလေးမှာ မခုတ်တတ်တဲ့ ကြောင်လေးလို နံရံနဲ့တစ်သားတည်းဖြစ်သွားတဲ့အထိ ကပ်နေတော့သည်။

" ဟုတ်ကဲ့ ထိုင်ပါဦး "

မိုးစက်လဲ ခုံအလွတ်မှာ ဝင်ထိုင်လိုက်သည်။

မောင် ပိုင်ဆိုင်မှုWhere stories live. Discover now