၂၃ (Unicode )

1.2K 77 15
                                    

" တီ...တီ...တီ "

မောင်ဆီကို ခေါ်လိုက်တဲ့ ဖုန်းလေးက ဝင်သွားတာမို့ မိုးစက် ရင်တွေအလိုလိုခုန်လာမိသည်။

မောင် ဖုန်းကိုင်ပါစေ .....

မိုးစက် မသိမသာ စိတ်ထဲက ကြိတ်ဆုတောင်းနေမိသည်။

" ဟယ်လို "

တစ်ဖက်က အသံခပ်သြသြနဲ့ အခုမှ အိပ်ရာထတဲ့အသံဖြစ်နေသည်။ ဆယ်နာရီပဲရှိနေပြီ မောင်အခုထိမထသေးဘူးလား ။

" မောင် "

မင်းဒဿမောင် အိပ်ပျော်နေတုန်း ဖုန်းဝင်လာကြောင့် မျက်မှောင်ကြုတ်ကာ အိပ်ချင်မူတူးနဲ့ အားသွင်းထားတဲ့ ဖုန်းကိုဖြုတ်ပြီး ကိုင်လိုက်သည်။

တစ်ဖက် မောင်ဆိုတဲ့ အသံလေးကြားမှ အိပ်ချင်စိတ်တွေ ပျောက်သွားတော့သည်။

"မိုး ... "

" မောင် ငါ့ကိုမုန်းသွားတာလားဟင် "

မိုးစက်ပြောနေရင်းနဲ့ အလိုလိုမျက်ရည်များဝဲတက်လာပြီး ငိုသံပေါက်လာခဲ့သည်။

" မဟုတ်တာ ဘာတွေပြောနေတာလဲ မိုးရာ မောင်က ဘာလို့မုန်းရမှာလဲ မောင် မိုးကို မဆက်သွယ်နိုင်တာက မောင်ဖုန်းက မတော်တဆ ရေထဲပြုတ်ကျသွားလို့ပါ "

တကယ်တော့ အနွံတာ ရေကန်ထဲ လွှတ်ပစ်လိုက်ပင်။ သူ့အရင်ဖုန်းတွေက ရေစိုခံတယ်ဆိုပေမယ့် မက်မွန်သီးလေး သူကိုလက်ဆောင်ဝယ်ပေးထားတဲ့ ဖုန်းလေးကတော့ ရေစိုမခံဘူးလေ ။ သူအခုလက်ရှိ သုံးနေတဲ့ ဖုန်းလေးပေါ့ ။

" မောင် ဖုန်းပြင်ထားတာမို့ မဆက်သွယ်နိုင်ခဲ့တာပါ မိုးနေဖို့ ဗီလာတစ်လုံး Mommy ကို စီစဥ်ခိုင်းလိုက်တယ် အဆင်ပြေတယ်မလား "

မင်းဒဿမောင် ထိုစကားကိုပြောရန် ကုတင်ပေါ်က ထလိုက်ပြီး အနည်းငယ်လှမ်းတဲ့ နေရာသို့ သွားလိုက်သည်။ ကုတင်ပေါ်က အနွံတာကြားရင် သူ့ကို ပြဿနာ ရှာမှာဆိုးလို့ဖြစ်သည်။

သေချာပေါက် သူတို့နှစ်ယောက်လုံး အဝတ်မကပ်ထားကြပေ။

" မောင် ငါ့ကို ဘာလို့မယုံတာလဲ "

နှစ်ဖက်လုံး တိတ်ဆိတ်နေသည်။ မင်းဒဿမောင်လဲ အဖြေပြန်မပေးခဲ့ပါ ။

မောင် ပိုင်ဆိုင်မှုWhere stories live. Discover now