၆ ( Unicode )

2.8K 143 14
                                    

အချိန်တစ်ခုထိ စောင့်ဆိုင်းပေးထားတဲ့ ကားပိုင်ရှင်ရဲ့ အတွင်းရေးမှူးက သူ့ကို တစ်လအကြာမှာ ဆက်သွယ်လာ၏။

"ရောက်နေတာကြာပြီလား "

လူရှင်းနေသော ကော်ဖီဆိုင်အတွင်း ခမ့်ဟိန်းရောက်လာတဲ့အချိန်အထိ စားပွဲပေါ်တွင် ရေသန့်တစ်ခွက်သာရှိနေသည်ကို တွေ့လိုက်ရသည်။

"တစ်ခုခုမှာလေ ကျွန်တော်ရှင်းမှာပါ "

မိုးစက်သာ သေသပ်ကြော့ရှင်းပြီး အထက်တန်းဆန်လှတဲ့ သူ့အရှေ့ကလူကို အကဲခတ်လိုက်၏။

ထိုလူနမည်က ခမ့်ဟိန်းဆိုတာကို မိတ်ဆက်ထားလို့ သိပြီးပြီ နောက်ထပ်ဒီလူက ကားပိုင်ရှင်ရဲ့ အတွင်းရေးမှူးဖြစ်နေသည်။ ဖြူဖွေးနေသော အသားရေက သူ့ကိုနေမကောင်းတဲ့ပုံစံ ပေါက်စေပြီး မျက်နှာဟာ တည်ငြိမ်ပေမယ့်ချစ်ဖို့ကောင်းနေ၏။

"ရပါတယ် မသောက်တော့ပါဘူး "

" အခုလာရင်းကိစ္စကလဲ အရင်တစ်ခေါက်က ကျွန်တော် Boss ကမ်းလှမ်းထားတဲ့ ကိစ္စ တိုးတက်မှု ရှိ မရှိ လာမေးမြန်းတာပါ "

တစ်လလုံးလုံး ခေါင်းအေးအေးထားပြီး မိုးစက်သာ စဥ်းစားခဲ့သည်။ ကားပိုင်ရှင်ကမ်းလှမ်းတဲ့ အလုပ်က ပေးတဲ့လစာက သူရဲ့အရင်အလုပ်တစ်နှစ်စာထက်ပင်များနေပြီး အခွင့်ရေးသည်လည်း များလှသည်။ ဒါကြောင့် ဒီအခွင့်အရေးက သူ့အတွက် ထောင်ချောက် တစ်ခုဖြစ်မှာလဲ စိုးထိတ်လှတယ်။

"သဘောတူလက်ခံတယ်ဆိုရင် ဒီစာချုပ်ထဲမှာ လက်မှတ်ထိုးပြီး တစ်ပတ်အတွင်း ပြောင်းလာနိုင်ဖို့ စီစဥ်ပေးပါ့မယ် "

စာချုပ်ကိုသာ စိုက်ကြည့်နေပြီး မိုးစက် မျက်စိစုံမှိတ်ကာ လက်မှတ်ထိုးလိုက်တော့၏။

" ခင်ဗျား နည်းနည်းလေးတောင် သံသယမဝင်ဘူးလား ခင်ဗျားလို သာမာန်လူတန်းစားတစ်ယောက်ကို  Boss ရဲ့ကိုယ်ရေးကိုယ်တာအလုပ်သမားအဖြစ် ခန့်အပ်မယ်ဆိုတာ ခင်ဗျား ရိပ်မိရဲ့လား Boss ခင်ဗျားဆီက လိုချင်နေတဲ့အရာကို "

သေချာပေါက် သိတာပေါ့ သူ့ရဲ့ ပိုက်ဆံကိုပြန်မဆပ်နိုင်မှာဆိုးလို့ အလုပ်ပေးပြီး ခိုင်းစားတယ်ဆိုတာ သူမသိဘဲနေမလား ။ သူ့ရဲ့ ဝန်ထမ်းအလုပ်နဲ့သာဆို ဒီအကြွေးတွေက မကြေနိုင်တော့မဲ့အပြင် သာသာရဲ့ ဘဝကိုပါ အနှောင့်ယှက်ပြုလာနိုင်တယ်။

မောင် ပိုင်ဆိုင်မှုOnde histórias criam vida. Descubra agora