၂၈ (Unicode)

1.3K 76 35
                                    

ကျိန်းစပ်နေပြီး မဖွင့်ချင်လောက်အောင် နာကျင်နေတဲ့ မျက်ခွံတွေကို အားယူကာဖွင့်လိုက်သည်။မျက်နှာကျက်အဖြူရောင်ကို ကြည်လင်အောင် မမြင်ရသေးခင်မှာပဲ အသံတစ်သံကြားလိုက်ရသည်။

" နိုးပြီလား "

ရေချိုးဝတ်စုံနဲ့ မင်းဒဿမောင်ထိုင်နေတာကို တွေ့လိုက်ရသည်။ ရိုးရာမပျက် မောင်လက်ကြားထဲမှာ မီးညှိထားတဲ့ Arturo Fuente Opus X ဆေးပြင်းလိပ်ရှိနေသည်။

မိုးစက် တစ်ဖက်ကိုလှည့်လိုက်ပြီး မသိချင်ယောင်ဆောင်လိုက်သည်။ အခုချိန် သူ မောင်နဲ့ မျက်နှာချင်းမဆိုင်ချင်သေးဘူး။

တစ်ဖက်ကို အိကျသွားတဲ့ ခံစားမှုကြောင့် သူ့ဘေးနား မောင်လာထိုင်နေတယ်ဆိုတာကို သိလိုက်ရသည်။

"တစ်နေရာရာက နာနေသေးလား "

မင်းဒဿမောင် မက်မွန်သီးလေးရဲ့ ချွေးကြောင့်စိုရွဲနေတဲ့ ဆံပင်လေးကို ထိကိုင်လိုက်သည်။မြင်သာနေတဲ့ လည်တိိုင်ဖွေးဖွေးလေးကို ငုတ်နမ်းလိုက်တော့

"ခွပ် "

"ခွေးကောင် ငါ့ကိုလာမထိနဲ့ "

"ကြမ်းလိုက်တာ မောင်မက်မွန်သီးလေးရဲ့ လက်သီးက "

အားဖျော့နေတဲ့ လက်သီးတစ်လုံးက သူပါးဆီ ရောက်လာခဲ့သည်။

စိတ်မထိန်းနိုင်ဘဲ ထိုးလိုက်ပြီးမှ မိုးစက်ပြန်ပြီးအသိဝင်လာခဲ့တယ်။ နောင်တတော့မရခဲ့ဘူး။

ဒီကောင်ကို ဒီထက်ပိုပြီးနာအောင် ထိုးလိုက်သင့်တာ

ဒါပေမယ့် သူ့ခန္ဓာကိုယ်က စိတ်သွားတိုင်း ကိုယ်မပါခဲ့ဘူး

ထပ်ထိုးဖို့ပြင်နေတဲ့ မိုးစက်ရဲ့လက်သီးတွေကို မင်းဒဿမောင် ဖမ်းဆီးလိုက်ပြီး

"ဆော့နေတာ တော်သင့်ပြီ "

မိုးစက် မင်းဒဿမောင်ရဲ့ မျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး

" မင်းစိတ်ထဲ ငါကဆော့နေတယ်ထင်တယ်ပေါ့ "

" ကျစ် ရစ်မနေနဲ့တော့ သွားစရာရှိတယ် ရေချိုးပေးမယ် "

မင်းဒဿမောင် မိုးစက်ကို ပွေ့ချီလိုက်သည်။

"ခွေးကောင် ငါကိုလွှတ်စမ်း ငါပြောနေတယ် ငါကိုမထိနဲ့ "

မောင် ပိုင်ဆိုင်မှုWhere stories live. Discover now