၅ (Unicode)

2.8K 143 4
                                    

ရေချိုးပြီးချိန် အဝတ်များပြန်ဝတ်ရန် မိုးစက်သာ အခန်းထဲလှည့်ပတ်ရှာနေပေမယ့် သူအင်္ကျီများကို မတွေ့တော့။

" ဘာရှာနေတာလဲ "

တံခါးပေါက်ကနေ လက်ပိုက်ကာ မှီထားရင်း မင်းဒဿမောင် တကုပ်ကုပ် ဘာမှန်းမသိရှာနေသူကို မေးလိုက်၏

" ဟို... ကျွန်တော်အဝတ်တွေပါ "

" လွှင့်ပစ်လိုက်ပြီ "

" ဟမ် "

လွှင့်ပစ်လိုက်တယ်....သူအင်္ကျီတွေက အကောင်းတွေလေ နည်းနည်းတော့ဟောင်းနေပေမယ့် နောက်သုံးနှစ်လောက် အသာလေးဝတ်လို့ရတယ် သူကအရမ်းကို စည်းကမ်းရှိတဲ့သူပါ ဘောင်းဘီကို လိမ္မော်ရည်လေး မှောက်ကျယုံနဲ့ သူအဝတ်တွေကို လွှတ်ပစ်လိုက်တယ်

မိုးစက်သာ ဘာပြောရမှန်းမသိဖြစ်သွား၏။

" ဘယ်ကိုလွှတ်ပစ်လိုက်တာ အဝတ်တွေက ပြန်လျှော်ရင် ဝတ်လို့ရသေးတယ် "

" ပြောပြရင် သွားကောက်မလို့လား "

" ဟုတ်တယ် နည်းနည်းလေးပေသွားရုံပဲ လျှော်လိုက်ရင်အဆင်ပြေတယ် လွှင့်ပစ်လို့လောက်ထိ မလိုဘူးဗျ "

" ရော့ လောလောဆယ် ဒါဝတ်ထားလိုက် ပြီးရင် ကိုယ်အတွင်းရေးမှူးက အဝတ်လာပေးလိမ့်မယ် "

ထိုစကားပြောပြီး ထွက်သွားသူရဲ့ နောက်ကျောကို မိုးစက်သာ ကြည့်သာကြည့်နေလိုက်၏

ဘယ်တတ်နိုင်မလဲ အခုလောလောဆယ် အဆင်ပြေဖို့ အရေးကြီး

ကုတင်ပေါ်ကို ပစ်ပေးခဲ့တဲ့ အဝတ်ကို ကြည့်ရင်း မိုးစက်သာ ယူကာ ဝတ်လိုက်တော့၏။

နောက်ငါးမိနစ်ခန့်အကြာတွင်

" ဟို....အဝတ်က ဘောင်းဘီရောဗျ "

မင်းဒဿမောင်မှာ လှပလွန်းတဲ့ သူရှေ့ကသူရဲ့ ပေါင်တံများကို ကြည့်ရင်း သဘောကျနေမိ၏။
မိန်းကလေးတွေလို သွယ်သွယ်လျလျမဟုတ် ကောင်လေးတွေလို ပိန်ပိန်ပါးပါးလဲ မဟုတ် ကြွက်သားအနည်းငယ်ကြောင့် တောင့်တင်းတယ်လို့ထင်ရတဲ့ ပေါင်တံနဲ့ ခြေသလုံးတွေက တကယ်ကို မျက်စိမလွဲချင် ဖြစ်နေ၏

မောင် ပိုင်ဆိုင်မှုWhere stories live. Discover now