၃၂ ( Unicode )

985 71 15
                                    

" ငါအရင် အောက်ဆင်းနှင့်မယ် "

လေညှင်းလေးကြောင့် လှုပ်ခတ်နေတဲ့ လိုက်ကားအနား ဖုန်းပြောနေတဲ့ မောင်ကို လှမ်းပြောလိုက်တော့ လက်ညိုးနဲ့လက်မ ထိစပ်ပြီး ခေါင်းငြိမ့်လာတာမို့ မိုးစက်လဲ အခန်းထဲက ထွက်ခဲ့သည်။

မိုးစက်အောက်ထပ်ရောက်တော့ မောင်က သူကတိစကားအတိုင်း နှင်းလေးနဲ့ သာသာကို ပြန်ခေါ်ထားတာကို တွေ့လိုက်ရသည်။

" ဦးဦးဖေဖေ "

ကစားနေရာကနေ သူ့ကိုတွေ့သွားတဲ့ သာသာက ပြေးဖက်လာသည်။

" သားက သတိရနေတာ ဟီး "

သူ့ကို သတိရနေတဲ့ ကလေးလေးက မျက်နှာလေးတောင် ဖောင်းလာသေးသည်။

" ကိုကို ... နှင်းလေးလဲ သတိရနေတာ "

တည်စက်သာအနောက်ကနေ ပြေးလိုက်လာတဲ့ နှင်းလေးကလဲ သူ့ကိုသတိရကြောင်းတွေ ပြောနေသည်။ ဒီကလေးနှစ်ယောက်နဲ့ တစ်ခါမှ ခွဲဖူးတာမဟုတ်ဘူး ။ သူတို့နှစ်ယောက် ဘယ်ကိုများ ရောက်ခဲ့ကြတာလဲ ။

" ကိုကို မသေတော့ဘူးမလား ဟင် "

နှင်းလေးရဲ့ ဝမ်းနည်းနေတဲ့မျက်လုံးလေးတွေက သူကိုလဲ ဝမ်းနည်းသွားစေသည်။ ဟိုကောင် သူကလေးနှစ်ယောက်ကို ဘာတွေလိမ်ပြောထားတာလဲပဲ။

" ဦးဦးဖေဖေ သက်သာရဲ့လား သားတို့က တကယ်စိုးရိမ်နေတာ "

အတည်ပေါက်ဖြစ်နေတဲ့ ကလေးနှစ်ယောက်ကြောင့် မိုးစက်ဘာပြောရမှန်းမသိဖြစ်နေသည်။ မောင်က ဒီကလေးနှစ်ယောက်ကို ဘာတွေပြောထားလဲ သူမှမသိတာ ။

" အဲ...အင်း..."

ဘာပြောရမှန်းမသိဖြစ်နေချိန် သူ့ပခုံးပေါ်ကျလာတဲ့ လက်တစ်ဖက်ပိုင်ရှင်က မင်းဒဿမောင်ဖြစ်နေသည််။ ပခုံးကိုဆုပ်ကိုင်ပြီး သူ့ကို ရင်ခွင်ထဲထိတောင် ဆွဲဖက်လိုက်သည်။

" မင်းတို့ ဦးဦးဖေဖေက နေကောင်းသွားပြီး အခုကစပြီး ဒီမှာပဲ တစ်သက်လုံးနေတော့မှာ "

" ဟမ် ...ဘွားဘွားအိမ်မပြန်ဘူးလား သားတို့ဒီမှာနေလို့မရဘူးပဲ ခင်ဗျားကြီးပဲ မောင်းထုတ်ထားပြီးတော့ "

မောင် ပိုင်ဆိုင်မှုWhere stories live. Discover now