၂ (Unicode)

3.5K 200 6
                                    

" ကားပါကင်ထိုးရင်း မတော်တဆ ဒီကလူကြီးမင်းကားကို တိုက်မိသွားပါတယ် ဒီအတွက် တာဝန်ရှိတာမို့ ကျွန်တော်တာဝန်ယူပေးပါ့မယ် "

မိုးစက် ခါးကို ၉၀ဒီဂရီအထိကိုင်းချကာ တောင်းပန်လိုက်၏။ ကားပြင်ခဘယ်လောက်ကျမလဲဆိုတာ သူမသိပေမယ့် အခုလောလောဆယ် ကားပိုင်ရှင် စိတ်မကွက်အောင်တောင်းပန်ပြီး ကားပြင်ခကို အရစ်ကျပေးဖို့ သဘောတူရင် သူ့အတွက်ပိုပြီးအဆင်ပြေလိမ့်မယ်။ ပြီးတော့ ဒီလိုမျိုးတောင်းပန်တဲ့အလုပ်က သူနဲ့ကျင့်သားရနေပြီးသားပင်။

" ဘယ်လို တာဝန်ယူပေးမှာလဲ ကိုယ့်ရဲ့ကားပြင်စရိတ်က ဘယ်လောက်ကျမယ်လဲ မင်းထင်လဲ "

မင်းဒဿမောင် သူရှေ့က အခုထိခေါင်းပြန်မမော့သေးပဲ တောင်းပန်နေတဲ့သူကို မေးလိုက်၏။ ဒီလူရဲ့အရည်အသွေးနိမ့်တဲ့အဝတ်အစားနဲ့တင် ကားပြင်ခကို တတ်နိုင်လား မတတ်နိုင်လား သိ၏။ ပုံမှန်ဆို ဒီလိုမဖြစ်စလောက်ကိစ္စမျိုးကို သူမမြင်ချင်ယောင်ဆောင်ပြီး ကျော်သွားပေးနိုင်တယ်။ သူ့မှာ ကားတစ်စီးထဲရှိတာမှမဟုတ်တာ။ ပြီးတော့ သူက ပစ္စည်းတစ်ခုကို နည်းနည်းလေးချို့ယွင်းသွားတာနဲ့ မသုံးတော့ဘဲ လွင့်ပစ်တာများတယ် ။ အခုတော့

" ဟက် ကြည့်ရတာ မင်း တတ်နိုင်မယ်မထင်ဘူး "

မိုးစက် ထိုလူစကားကြောင့် စိတ်ထဲတင်းကြပ်သွား၏။ တကယ်လဲ သူမတတ်နိုင်ပါ။ ဒါကြောင့် သူ ရိုကျိုးစွာနဲ့တောင်းပန်နေရတာပေါ့။

" ကားပြင်ခကို သေချာပေါက်ပေးမှာပါ စိတ်ချပါ ချက်ချင်းအကုန်မပေးနိုင်ရင်တောင် ဖြေးဖြေးချင်းအကြေပေးသွားမှာပါ "

" ကောင်းပြီလေ ကားပြင်စရိတ်အတွက် ကုန်ကျမယ့်ပိုက်ဆံကို လှမ်းပြောလိုက်မယ် မင်းဖုန်းနံပါတ်ပေး "

" ဟုတ်...ဟုတ်ကဲ့ "

မိုးစက် ချက်ချင်းပင် သူ့ဖုန်းနံပါတ်အား ကားပိုင်ရှင်ထံပေးလိုက်၏။ တစ်ဖက်လူရဲ့ ဖုန်းခေါ်ဆိုမှုကြောင့် မိုးစက်ဖုန်းထဲ ဖုန်းနံပါတ်အစိမ်းတစ်ခုဝင်လာ၏။

" အဲဒါကိုယ့်နံပါတ်ပဲ မှတ်ထားလိုက် "

" ဟုတ်ကဲ့ "

မောင် ပိုင်ဆိုင်မှုWhere stories live. Discover now