၄ (Unicode)

2.8K 144 6
                                    

မိုးစက် စိတ်ရှည်စွာနဲ့ ဖုန်းကို သုံးခါတိတိခေါ်လိုက်ပေမယ့် တစ်ဖက်က ဖြေဆိုလာခြင်းမရှိတာမို့ ဖုန်းကိုချကာ အလုပ်ဆက်လုပ်လိုက်၏။

" ကိုမိုးစက် အဖွဲ့မှူးက သူ့အခန်းထဲ ခဏလာခဲ့ပါအုံးတဲ့ "

မိုးစက် လက်ထဲက လုပ်လက်စအလုပ်ကို ချလိုက်ပြီး သက်ပြင်းချလိုက်၏။ ဒီနှာဗူးအဖွဲ့မှူးက သူ့အလုပ်သင်ဘဝထဲက သူ့ကိုတစ်နည်းမဟုတ်တစ်နည်းနဲ့ ထိကပါးရိကပါးလုပ်နေသူတစ်ယောက်။ ကုမ္မဏီမှာ ဖြစ်တာမို့တစ်ကြောင့် မိုးစက်ဘက်က တည်တင်းနေတဲ့ မျက်နှာထားကြောင့်တစ်ကြောင်း ထိုအဖွဲ့မှူးက သိပ်ပြီးအရဲမစွန့်ရဲပေမယ့်လည်း ဟိုတစ်နေ့က ကုမ္မဏီကားကို ပျက်စီးအောင်လုပ်ခဲ့မိတာမို့ ဒီလူက သူ့အပေါ် အရင်ကထက်ပိုရဲတင်းလာနေတာ။

ကျစ် စိတ်ရှုပ်ဖို့ကောင်းတယ် ဘာလို့များ ရှိတာချင်းတူနေတဲ့ မျိုးတူအချင်းချင်းကို ဘာတွေခံစားနေကြလဲမသိဘူး

မိုးစက်အတွေးနဲ့အတူ ဟိုတစ်နေ့ကပင် ကားပိုင်ရှင်လုပ်သွားတဲ့ လုပ်ရပ်ကို သတိရလိုက်မိပြီး မျက်နှာရဲတက်လာကာ ဒေါသထွက်လာ၏။

"ဒေါက် ဒေါက် ဒေါက် "

" ခေါ်တယ်ဆိုလိုပါ ဘာခိုင်းစရာရှိလို့လဲဗျ "

" မင်းလဲသိတဲ့အတိုင်းပဲ မွန်မြတ်က အခုအလုပ်ထွက်တောမှာ လက်ထောက်အဖွဲ့မှူးနေရာက လွတ်သွားမှာ ငါစိတ်ထဲ မင်းက သင်တော်တယ်လို့ ထင်တယ် မင်းရောဘယ်လိုထင်လဲ "

၅ပေ၅လက်မရှိပြီး နဖူးအနည်းငယ်ပြောင်နေတဲ့အပြင် ဘီယာဗိုက်လဲရှိပြီး အသက်၄၀ ပြည့်တော့မယ့် ယောက်ျားတစ်ဦးက

၅ပေ၁၀လက်မရှိပြီး ရုပ်ရည်ချောမောကာ အမြောင်းလိုက် ကြွက်သားတွေမရှိပေမယ့်  ယောက်ျားပီသတဲ့ ခန္ဓပုံတည်ဆောက်ပုံနဲ အသက်၃၀ ကျော် ယောက်ျားတစ်​ယောက် အောက် တိုးဝင်ချင်နေသည့်ပုံ။

အဖွဲ့မှုး၏ လက်များက မိုးစက်ရဲ စျေးပေါတဲ့ အင်္ကျီလည်ပင်းက ကြယ်သီးကို ဖြုတ်ရန်ပြင်နေသည်။

လက်ထောက်အဖွဲ့မှူးနေရာက တကယ်ကိုကောင်းတယ် သူသာရာထူးတက်သွားရင် သူရဲ့အခက်အခဲတစ်ချို့က ပြေလည်သွားမှာ ဒီအခွင့်အရေးကို သူလက်လွတ်မခံသင့်ဘူး ဒါပေမယ့်လည်း

မောင် ပိုင်ဆိုင်မှုWhere stories live. Discover now