Arc 4🗡181🗡ကျောင်းအုပ်ကြီးဖြစ်သွားပြီ

65 8 0
                                    

Chapter (181) Arc 4
ကျောင်းအုပ်ကြီးဖြစ်သွားပြီ

ကျိုးလန် ရှုံးသွားပြီ။ ကျောင်းအုပ်ကြီး အပြင် ပထမတန်းစား အဂ္ဂိရတ်ပညာရှင် ကျိုးလန်လည်း ရှုံးနိမ့်ခဲ့ပြီး သူမက ရှုံးနိမ့်မှုကို ယုံယုံကြည်ကြည် လက်ခံခဲ့သည်။

ယခုအချိန်တွင် ကျိုးလန် ပြောသည့် စကားအတိုင်း လူတိုင်းက လုရွှမ်ကို သံသယမရှိ ကြည့်လာကြသည်။ ဒီလို ဉာဏ်ကြီးရှင်နဲ့သာ ကျောင်းအုပ်ကြီးဟာ သူမရဲ့ လုပ်ဖော်ကိုင်ဖက် အဖြစ် ခင်မင်ရင်းနှီးမှုကို ဆွေးနွေးနိုင်သည်။

သူတို့သည် လုရွှမ်ကို ပြင်းထန်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ထိုကဲ့သို့ ထက်မြက်သော အဂ္ဂိရတ်ဆရာနှင့် မိတ်ဖွဲ့နိုင်လျှင် ကြီးမားသော အကူအညီ တစ်ခု ဖြစ်လာလိမ့်မည်။

ဒုကျောင်းအုပ်ဝမ်နှင့် ဒုကျောင်းအုပ်လီတို့၏ မျက်နှာများမှာ နီရဲလာ၍ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး စိုးရိမ်သောက ရောက်နေကြသည်။ ဒီလိုလူသာ ကျောင်းအုပ်ကြီး ဖြစ်လာရင် သူတို့နှစ်ယောက်ထက် အာဏာ ရှိသွားလိမ့်မည်။

နှစ်ယောက်သား လျှို့ဝှက်စွာ နောင်တရခဲ့ကြသည်။ ဤစမ်းသပ်မှုများသည် လူတိုင်း၏ အမြင်တွင် ကျင်းပခဲ့ရာမှ လုရွှမ်က လက်ရှိအခြေအနေကို ဦးတည်စေမယ်လို့ ဘယ်သူက မျှော်လင့်ထားပါ့မလဲ။

သူတို့နှစ်ဦးသည် အကြိမ်ပေါင်းများစွာ အကြည့်ချင်း ဖလှယ်ခဲ့ကြသော်လည်း လုရွှမ်ကို ထပ်မံစိန်ခေါ်ဝံ့ခြင်း မရှိပေ။ ဒီချင်းလုံအရှင်က တစ်ခုပြီးတစ်ခု အောင်မြင်နေတာ။ တခြားသူတွေသာ စိန်ခေါ်ဖို့ ထွက်လာသေးရင် သူတို့မှာ မျက်စိမရှိဘူး ဆိုတာ ရှင်းနေပါပြီ။

"ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ရာထူးကို ယာယီ တာဝန်ယူပေးဖို့ ချင်းလုံအရှင်ကို လေးစားစွာနဲ့ တောင်းဆိုပါတယ်"

ဖန်းချန်မှာ လက်ရှိအချိန်တွင် အလွန် စိတ်လှုပ်ရှားနေပါ၏။ စိုးရိမ်စိတ်များ ကျော်လွန်ပြီးပါက တစ်စုံတစ်ခု ရရှိလိမ့်မည်ဟု ဆိုကြသော်လည်း ဤအခိုက်တွင် အလင်းတစ်ချက်က သူ့နှလုံးသားထဲတွင် တောက်ပလာကာ လျင်မြန်စွာ ထရပ်၍ အော်လိုက်​လေသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Tahanan ng mga kuwento. Tumuklas ngayon