Arc 4🗡152🗡ကြံစည်ခြင်း

80 9 0
                                    

Chapter (152) Arc 4
ကြံစည်ခြင်း

ပိုင်လုံမှာ ဒေါသတကြီး နှုတ်ခမ်းစူနေပေမယ့် ဘယ်လိုငြင်းရမလဲ မသိချေ။

"ခရမ်းရွှေအလင်းတန်း?"

လုရွှမ်ရဲ့ မျက်လုံးများ တောက်ပလာသည်။ ဝိညာဉ်သခင် တစ်ယောက် အနေဖြင့် ဝိညာဥ်သခင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေက ရှားပါးပြီး အဖိုးတန်ကြောင်း သဘာဝကျကျ သိလေ၏။

လုရွှမ် သေမျိုး အသွင်ပြောင်းခြင်းနယ်ပယ်တွင် အနီရောင် ဝိညာဉ်သစ်သားကို လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် သူသည် အစိမ်းရောင်သစ်ရွက် နှလုံးသစ်သားကို ရရှိခဲ့သည်။

ထိုနှစ်ခုမှာ ပစ္စည်းကောင်းလေးများ ဖြစ်သလို ခရမ်းရွှေအလင်းတန်းက သူတော်စင်နယ်ပယ် အတွက် အသင့်တော်ဆုံး လက်နက် ဖြစ်သည်။

မာကျောမှု ၊ စိတ်စွမ်းအား ပေါင်းစပ်မှု သို့မဟုတ် လေကို ချိုးဖျက်ပြီး အခင်းအကျင်း ဖွဲ့စည်းမှုများကို ဖြိုခွင်းခြင်းများ အားလုံးသည် ခရမ်းရွှေအလင်းတန်းအား ထိပ်တန်း ရွေးချယ်ချင်စရာများ ဖြစ်သည်။

လုရွှမ်ရဲ့ အမူအရာ ပြောင်းလဲသွားတာကို မြင်လျှင် အိမ်ရှေ့စံမင်းသားမှာ ချက်ချင်း ဝမ်းသာသွားသည်။ သူ့ညီမငယ်အား ကြည့်လိုက်သေး၏။ ညီမဖြစ်သူက ခရမ်းရွှေအလင်းတန်းထက် အဆင့်နိမ့်တဲ့ စိတ်ဝိညာဉ်ဆွဲ သစ်သားတစ်ပိုင်းကို ပေးခဲ့တာကို ကြားခဲ့ရ​လေသည်။

အဲဒီနောက်မှာတော့ သူဟာ အချိန်တိုင်း ပေးကမ်း​နေလိုက်၊ ဓားတွေ လေ့ကျင့်ပေးလိုက်၊ လူကို ကယ်တင်ပေးလိုက်၊ အခင်းအကျငိး ဖွဲ့စည်းတည်ဆောက်မှုတွေကို ပြင်ပေးလိုက်ဖြင့် လုပ်ပေးခဲ့သည်။

ဒါ့အပြင် သခင်လေးယွမ်ယန်က သူတို့ကို တောက်လျှောက် စောင့်ရှောက် ပေးနေခဲ့တယ်တဲ့လေ။ သူတကယ်ပဲ သူ့ကိုယ်သူ မင်းသမီးလေးလို့ ထင်သေးရဲ့လား။ တစ်ဖက်လူ အမြင်မှာ တမင်သနားအောင် လုပ်နေတာလား?

အရင်ကတော့ သခင်လေးယွမ်ယန်က သူ့ညီမကို စွဲလန်းနေတယ်လို့ ထင်ခဲ့ပေမယ့် ခဏလောက် ချောင်းကြည့်ပြီးတဲ့ နောက်မှာ ညီမလေးကို လုံးဝ ဂရုမစိုက်ဘူးဆိုတာ သိသာလာခဲ့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now