Arc 4🗡163🗡စည်းကမ်းထိန်းသိမ်းရေးအဖွဲ့

81 7 0
                                    

Chapter (163) Arc 4
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့

"သူက ထျန်းလုံကျောင်းတော် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ရဲ့ အဖွဲ့ဝင်ပါ!"

ရူယန်းက နှိမ့်ချသောအသံဖြင့် သတိပေးလာခဲ့သည်။

“ဟုတ်တယ်!”

လူလတ်ပိုင်းအရွယ်က အောင်ပွဲများနှင့် ပြည့်နေသော သူ့မျက်နှာကို မော့ပြကာ အော်ပြောလာသည်။ ထို့နောက် သူက လက်ညိုးထိုးပြပြီး

"ထျန်းလုံမြို့က စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ရဲ့ အထောက်အထားကို မင်းသိလား? ငါတို့က ထျန်းလုံကျောင်းတော်ကို ကိုယ်စားပြုတယ်... ငါတို့ကို တော်ဝင်မိသားစုကတောင် မျက်နှာသာပေးရမယ်.... ငါမင်းကို အသက်ရှင်စေချင်ရင် မင်းသေလို့ မရဘူး... ငါမင်းကို သေစေချင်တယ် ဘယ်သူမှ မင်းကို မကာကွယ်နိုင်ဘူးကွ!"

"ရူယန်း... ဦးလေးလည်း မင်းကြီးပြင်းလာတာကို ကြည့်နေခဲ့တာပါ... မင်းရဲ့မိဘတွေကို ငါသာ ဂရုမစိုက်ခဲ့ရင် သူတို့ ဟိုးအရင်ကတည်းက သေသွားလောက်ပြီ... ဘာပဲဖြစ်ဖြစ် အခုလည်း သေသွား​​ပြီဆိုတော့ မင်းကို စောင့်ရှောက်ရမယ့် တာဝန်က သဘာဝအတိုင်းပဲ ဒီဦးလေးဆီ ရောက်လာပြီ"

"မင်းရဲ့မိဘတွေက ဒီဦးလေး ငါမပါဘဲ ဒီလိုနောက်ခံသမိုင်းနဲ့ ဒီလို ရတနာနယ်မြေကို သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး ဆိုတဲ့အကြောင်း မင်းသိထားရမယ်နော်.... ဟမ့် မင်း နာခံမှုရှိရင် ဦးလေးက မင်းရဲ့အနာဂတ်ကို ကာကွယ်ပေးမှာပဲ.... အနာဂတ်မှာ ထျန်းလုံကျောင်းတော်ကို ဝင်ဖို့ဆိုတာလည်စ မဖြစ်နိုင်တာ မရှိဘူး"

သူက ဟစ်အော်ရင်း သူ့မျက်လုံးတွေက ညစ်ပတ်တဲ့ အကြည့်တွေကို ပေါ်လွင်လာခဲ့ကာ

"မင်းက မနာခံဘူးဆိုရင်တော့ ငါ့ရဲ့အရင်က ခံစားချက်တွေကို ဂရုမစိုက်ဘူး ဆိုပြီး မင်းဦးလေးကို အပြစ်မတင်နဲ့"

ဝမ်လင်မှာ ဆိုးယုတ်တဲ့ ခွေးတစ်ကောင် ရှိသောကြောင့် အလွန်ဒေါသ ထွက်သွားသည်။  သူ့ကိုယ်သူ မိဘမဲ့တစ်ယောက်ရဲ့ ဦးလေးလို့ ပြောနေသေးတယ်ပေါ့။ သူမကို အကူအညီ လိုနေတာကိုတောင် ရှုတ်ချတဲ့ စကားတွေချည်း ပြောနေ၏။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now