Arc 4🗡202🗡မဟာသူတော်စင် အဘိုးကြီး

46 7 0
                                    

Chapter (202) Arc 4
မဟာသူတော်စင် အဘိုးကြီး

"ဒါက ပြောရရင် အရှည်ကြီးပဲ... ထျန်းလုံကျောင်းအုပ်က ဒီအကြောင်းကို မသိပေမယ့် ပိုင်ဟူကျောင်းအုပ် နဲ့ ရွှမ်ဝူကျောင်းအုပ်တို့ကတော့ သဲလွန်စတချို့ သိထားမှာပါ"

ပိုင်ဟူကျောင်းအုပ်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာပြီး

"ဒါဆို သူတော်စင်တစ်ပိုင်း ကမ္ဘာကို ဖွင့်လိုက်တာ နောက်ဆုံးအကြိမ်ပဲလို့ ခင်ဗျား ပြောနေတာလား?"

"ဟုတ်သလိုနဲ့ ဟုတ်လည်း မဟုတ်ဘူး!" ရွှမ်ဝူကျောင်းအုပ်က သက်ပြင်းချလိုက်ပြီး

"ဒါက သူတော်စင်တစ်ပိုင်း ကမ္ဘာကို နောက်ဆုံးအကြိမ် ဖွင့်လိုက်တာပဲ... ဒါပေမဲ့ ကောင်းကင်ပြင်က ပျက်စီးသွားတဲ့ ကမ္ဘာကြီး ပြိုကျနေတဲ့ကောင်းကင်ဘုံ အဖြစ်သို့ ပြောင်းလဲသွားပြီးရင်တော့..."

ရွှမ်ဝူကျောင်းအုပ်သည် နောက်ထပ် စကားလုံးများကို မပြောသော်လည်း အားလုံးက သူဘာကိုဆိုလိုသလဲ ဆိုတာကို နားလည်ကြသည်။ သူတော်စင်တစ်ပိုင်း ကမ္ဘာကြီးဟာ ပြိုကျနေတဲ့ကောင်းကင်ဘုံ အဖြစ်သို့ ပြောင်းလဲသွားသောအခါ ဝင်ရောက် လိုသူတိုင်းသည် သေခြင်းတရားကို မကြောက်သရွေ့ ဝင်​ရောက်နိုင်သည်။

"ပြိုကျနေတဲ့ကောင်းကင်ဘုံက ကြောက်စရာကောင်းတယ်... တကယ်တော့ အဲဲဒါက ဒဏ္ဍာရီထဲကထက် ပိုကြောက်စရာကောင်းတယ်.. ဒီကမ္ဘာငယ်လေးက ပျက်ပြယ်သွားတာနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်။ ကောလဟာလတွေအရ မင်းမှာ လုံလောက်တဲ့ ခွန်အား ဒါမှမဟုတ်ရင် အခွင့်အလမ်း ကောင်းတွေရရင် ပြိုကျနေတဲ့ကောင်းကင်ဘုံထဲက မှော်ကမ္ဘာငယ်ထဲကိုလည်း ဝင်လို့ရတယ်..."

ကျူးချွဲ့ကျောင်းအုပ်က စကားလုံးများကို ထိုနေရာ၌ ရပ်နားလိုက်သည်။ သူ့မျက်နှာသည် နက်နဲပြီး တောင့်တမှု အရိပ်အယောင်များ ပေါ်လွင်နေကာ သူ့မျက်လုံးများထဲတွင် သံသယ အရိပ်အယောင်များလည်း ရှိနေသည်။

"မှော်ကမ္ဘာငယ်လား?" ရွှမ်ဝူကျောင်းအုပ်ကလည်း ထပ်မေးလိုက်သည်။

"ဟုတ်တယ်....အဆင့်မြင့် ဧကရာဇ် အင်ပါယာမှာရှိတဲ့ လူတွေထဲမှာ ဒီကမ္ဘာ့အပြင်ကနေ လာတဲ့လူတွေ ရှိတယ်... ကျင့်ကြံမှုက ကောင်းကင်ထက် မြင့်တယ်လို့ ကြားဖူးတယ်... ဒါပေမဲ့ မှန်သလား မှားသလား ဆိုတာတော့ စိစစ်ရလိမ့်မယ်"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Nơi câu chuyện tồn tại. Hãy khám phá bây giờ