Arc 4🗡210🗡ဗုဒ္ဓနှလုံးနေရောင်နည်းပညာ

52 7 0
                                    

Chapter (210) Arc 4
ဗုဒ္ဓနှလုံးနေရောင်နည်းပညာ


လုရွှန်၏ စကားလုံးများသည် လူငယ်လေး၏ နားထဲတွင် ကောင်းကင်မှ မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။ ထိုပေါက်ကွဲသံက အလွန်ထိတ်လန့် တုန်လှုပ်သွားစေတာကြောင့် သူတို့နှစ်ဦးသည် ချက်ချင်း ဖျော့တော့သွား၍ ခြေနှစ်လှမ်းလောက် ဆုတ်သွားပြီး လုရွှမ်ကို ထိတ်လန့်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်သည်။

"ဘာပြောလိုက်တယ်!"

အမျိုးသမီးက စူးရှသော အသံဖြင့် အော်လိုက်သည်။ သူမက လူငယ်​လေစကို သ​မေရှေ့ကနေ တွန်းထုတ်လိုက်ပြီး နောက်က ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ ဓားဖျားက လူသတ်ချင်စိတ်ပြင်းပြစွာဖြင့် လုရွှမ်ကို ညွှန်ထား၏။

"မင်းကြားတဲ့ အတိုင်းပဲ"

လုရွှမ် မျက်မှောင်ကြုတ်ပြီး မသိစိတ်က အသံတိုးသွားခဲ့သည်။

"အစ်ကိုထျန်းရှန်... သူ့စကားတွေကို နားမထောင်နဲ့.... သူက နှလုံးသားသစ်သီးကို လိုချင်နေလို့ ဒီစကားတွေနဲ့ အယုံသွင်းနေတာ... ချင်းလုံအရှင် ရှင်က အလယ်အလတ်ပဲရှိတဲ့ ကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်ကြီး အဖြစ်ပဲ သတ်မှတ်လို့ ရတယ်... အမြတ် နည်းနည်းလောက် ရလိုက်တာနဲ့ မကောင်းတဲ့ စကားပြော​နေလိုက်တာ တကယ်ကို စက်ဆုပ်ရွံရှာစရာ ကောင်းတယ်"

လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ ဤအမျိုးသမီးသည် ထိတ်လန့်လုနီးပါး ဖြစ်နေပြီ။ သူမနဲ့အတူ ဒေါသလိုက်ထွက်နေရင် သူ့အနေအထားလည်း နိမ့်ကျသွားလိမ့်မည်။ ထို့ထက်မက တစ်ဖက်လူသည် သူတော်စင်နယ်ပယ် အဆင့်၉ ပြီးပြည့်စုံသောကာက တစ်ခုမျှသာ ဖြစ်လို့ သူမျက်လုံးထဲတွင် လုံးဝ မထည့်ထားချေ။

သို့သော် သူက ဂရုမစိုက်ပေမယ့် လျှပ်စီးငှက်ပေါ်က မိန်းကလေး ငါးယောက်ကတော့ အရမ်းကို ဂရုစိုက်လေသည်။

"နင် ဘာတွေ ပြောနေတာလဲ? ကျောင်းအုပ်ကြီးက သဘောထားကြီးကြီးနဲ့ လူကြီးလူကောင်းကို အဆုံးအဖြတ် ပေးနေတာပဲ"

လုံယင်က ပထမဆုံး ဝင်ဟောက်လိုက်သည်။

လုရွှမ်သည် သူမတို့အသက်ကို ကယ်တင်ခဲ့ပြီး ရော့ယိုးကို ကုသ​ပေးရန်လည်း သဘောတူခဲ့သည်။ သူမအမြင်အရ လုရွှမ်သည် မြင့်မြတ်သော သူတော်စင်တစ်ဦးပင် ဖြစ်ရာ နားမလည်နိုင်သော မိန်းမတစ်ယောက်၏ ဆဲဆိုခြင်းကို ခံရရန် မထိုက်တန်ပေ။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Wo Geschichten leben. Entdecke jetzt