Chapter (135) Arc 4
အမြင်ကျဥ်းသွားတာပဲသစ္စာရှိ အဘိုးကြီးသည် နောက်ပြန် မလှည့်ဘဲ အော်ဟစ်ကာ လုရွှမ်ကို သူ့ဓားဖြင့် ခုတ်ချလိုက်သည်။ ရော့ယိုး တခြားသူများကို ပြန်ကြည့်လိုက်သည်။
ထိုလူတွေက သူမ မျက်လုံးများကို ရှောင်ကာ တစ်ယောက်ပြီး တစ်ယောက် ခေါင်းယမ်းလိုက်ပုံမှာ အဘိုးအိုကျုံးရဲ့ အမြင်ကို သဘောတူကြတာ သိသာလေသည်။
"ဘွားဘွား?"
ရော့ယိုးက ပါးရေတွေ ရှုံ့တွနေသော အဘွားကြီးကို ကြည့်ကာ တောင်းပန်လိုက်သည်။ အဘွားအိုက တခစ်ခစ်ရယ်ကာ သူမရဲ့ ရုပ်သွင်ပြင်မှာ အနည်းငယ် ပြုံးလျက် ရော့ယိုးရဲ့ ပါးပြင်ကို ပွတ်သပ်လိုက်သည်။
"စိတ်မပူပါနဲ့.... ပါးစပ်စည်း မစောင့်တဲ့ လူတွေက သေထိုက်ပါတယ်!"
အဘွားအိုက သူ့အသံမှာ တည်ငြိမ်နေသော်လည်း ဒေါသအပြည့်ဖြင့် ထွက်လာရာ လုရွှမ်နဲ့ အဝေးမှ အဖိုးအိုကျုံးတို့ရဲ့ နားထဲအထိပါ ရောက်ရှိသွားသည်။
ရော့ယိုးက နှုတ်ခမ်းကို ကိုက်လိုက်ပြီး
"ဒါပေမဲ့..."
"ဟားဟား... စိတ်အေးအေးထားပြီး စောင့်ကြည့်ရအောင် ဘယ်သူ သေမလဲတော့ မသိဘူး"
အသံတစ်ခု ထွက်ပေါ်လာပြီး ရော့ယိုး အဘွားကြီးကို သံသယဖြင့် ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါပေမဲ့..."
အဘွားကြီးက တခစ်ခစ်ရယ်ရင်း
"သမီးလေး မင်းဘာလို့ ဒီလောက်တောင် စိတ်ပူနေရတာလဲ? တစ်ယောက်ယောက်က သေထိုက်ရင် သေသင့်တယ်... အဲ့ဒါက သူ့ကံကြမ္မာပဲ ဒီနေ့ သူနဲ့ မဆုံဖြစ်ရင်တောင် မြန်မြန်ဆန်ဆန် တွေ့ရမှာကဲ... မင်း သူ့ကိုကယ်ချင်ရင်လည်း ကယ်လို့ရမှာ မဟုတ်ဘူး"
"စိတ်အေးအေးထားပြီး စောင့်ကြည့်ရအောင်!"
သစ္စာရှိ အဘိုးကြီးသည် အဘွားကြီး၏ စကားကိုကြားသောအခါ ကြီးမားသော အပြုံးကို သယ်ဆောင်လာရင်း ဂုဏ်ယူစွာ ဟစ်ကြွေးလိုက်ပေ၏။
"ကောင်လေး မင်း ဒီနေ့ သေလိုက်တော့!"
"အရူး!"