Arc 4🗡178🗡လူကို ခြိမ်းခြောက်နေပြီ

72 10 0
                                    

Chapter (178) Arc 4
လူကို ခြိမ်းခြောက်နေပြီ

"ကြွပါ"

ဒုကျောင်းအုပ် နှစ်ယောက်ကလည်း တညီတညွတ်တည်း ပြောလိုက်သည်။

ကျောင်းအုပ်ကြီး စာဖတ်ခန်း အနောက်မှာ အထူးကိုယ်ခံပညာ ခန်းမတစ်ခု ရှိလေသည်။ အကုန်လုံးကို အခင်းအကျင်းနဲ့ ဖုံးလွှမ်းထားတာကြောင့် အထူး သိုင်းပညာများကို ယှဉ်ပြိုင်နိုင်သည်။ အခင်းအကျင်းနှင့် အဂ္ဂိရတ်မီးဖိုရှိလို့ အဂ္ဂိရတ်ပညာကိုလည်း သန့်စင်နိုင်သည်။

ကိုယ်ခံပညာ ပြခန်းသို့ ရောက်သောအခါတွင် လူတိုင်းသည် နှစ်ခြမ်း ကွဲသွားကြသည်။

လုရွှမ် နောက်တွင် ရပ်နေသော လူသုံးယောက်ကို မြင်လိုက်ရတဲ့အခါ တစ်ဖက်က လူတွေဟာ အေးစက်စက် လှောင်ပြောင်ကြ​လေသည်။ ဖန်းချန်ဟာ သူတို့အမြင် အရတော့ သိပ်မိုက်မဲတာတော့ မဟုတ်သေးပါဘူး။

ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာတောင် ကျောင်းလေးကျောင်း အကြား ပြိုင်ဆိုင်မှုကို လက်ခံကျင်းပဖို့ မတ်တပ်ရပ်နေသေးတယ်။ တစ်ဖက်လူက နည်းနည်း ထူးဆန်းနေတာနဲ့ ပါသွားတော့တာပဲ။

လုရွှမ် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး ပခုံးတွန့်ကာ ပြုံးလိုက်သည်။

"ဘယ်လို ပြိုင်မှာလဲ? ဘယ်သူက ကျုပ်နဲ့ ပြိုင်မှာလဲ?"

ဒုကျောင်းအုပ်ဝမ်က ဒုကျောင်းအုပ်လီ သူ့အခွင့်အရေးကို ခိုးယူသွားမှာ ကြောက်တာကြောင့် ယခု အခိုက်အတန့်တွင် သူက ရှေ့ထွက်လာသည်။

"ကျုပ်တို့ ကျောင်းအုပ်ကြီးက ကောင်းကင်နဲ့ မြေကြီးကြားမှာ ပြိုင်စံရှား ပညာရှင်တစ်ဦးပဲ...  သူမ မျက်စိထဲ ဘောင်ဝင်ဖို့ဆိုရင် အဲဒီလူက အနည်းဆုံး အလုံးစုံ ထူးကဲတဲ့ စွမ်းရည်ရှိရမယ်... ဟုတ်တယ်မလား?"

စကားပြောလို့ အပြီးတွင် သူ၏ အောင်ပွဲခံမျက်လုံးများက လူအုပ်ကို လှည့်ပတ် ကြည့်ရှုလိုက်ကာ နောက်ဆုံးတွင် လုရွှမ်ထံ ရောက်သွားခဲ့သည်။

ဖန်းချန်က တစ်ကိုယ်တည်းသမား ဖြစ်သော်ငြား သူသည် မတုံးသေးပေ။ ယခုအခိုက်အတန့်တွင် သူက ဒုကျောင်းအုပ်တို့ အဖွဲ့က လုရွှမ်ကို ခက်ခဲအောင် လုပ်ချင်နေကြောင်း နားလည်လေ၏။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now