Arc 4🗡161🗡သွားတော့

66 9 0
                                    

Chapter (161) Arc 4
သွားတော့

ကျန်းဟုန် အဓိက ရည်ရွယ်ချက် ဘာလဲ ဆိုတာကို မသိသလို သိချင်လည်း ပြေးမကြည့်ချင်ပေ။ သူသိတာက ထျန်းလုံအစောင့် လှုပ်ရှားပြီးတာနဲ့ တိုက်ခိုက်နိုင်မယ့်သူ မရှိ​တော့ဘူး ဆိုတာပဲ။

ထျန်းလုံအစောင့်က ဧကရာဇ် အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုလို့ ထျန်းလုံအစောင့်ကို တိုက်ခိုက်ခြင်းက ထျန်းလုံဧကရာဇ် အင်ပါယာကို ရန်သူလုပ်ခြင်းသာ ဖြစ်သည်။

အကယ်၍ လူတစ်ဦးသည် အလယ်အလတ်တန်းစား ဧကရာဇ်အင်ပါယာ တစ်ခုရဲ့ရန်သူဖြစ်ရန် သတ္တိရှိလျှင် ထိုသူသည် အဆင့်မြင့် ဧကရာဇ် အင်ပါယာတစ်ခုက မင်းသား ဒါမှမဟုတ်ရင် ထိပ်တန်းဂိုဏ်းတစ်ခုက အဓိကတပည့်ပဲ ဖြစ်နိုင်သည်။

"ထျန်းလုံအစောင့် လူကြီးမင်း... ဒီလူက သူ့ကိုယ်သူ ချင်းလုံအရှင်လို့ ခေါ်နေတယ်....  ဒီလူက ရက်စက်လွန်းပြီး ကျုပ်တို့ ကျန်းမိသားစု တစ်ခုလုံးကိုတောင် သတ်ပစ်ဖို့ ကြိုးစားနေတာ... ကျုပ်ရဲ့ သနားစရာ ဒုတိယသား ရှောင်ယွင်က ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းသားပါ.... မကြာခင် ထျန်းလုံကျောင်းတော်ကို ကိုယ်စားပြု​ပြီး ပြိုင်ပွဲဝင်တော့မှာ။ ဒါကိုသူက ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်... ထျန်းလုံအစောင့် လူကြီးမင်း ဒီရာဇ၀တ်သားကို သတ်ပြီး ထျန်းလုံဧကရာဇ် အင်ပါယာအတွက် အမှိုက်ရှင်းပေးဖို့ တောင်းဆိုပါတယ်"

ကျန်းဟုန်က စိတ်အားထက်သန်စွာ အော်လိုက်ပြီး လုရွှမ်ကို ကြည့်ရင်း သူ့ခန္ဓာကိုယ်က တုန်ရီနေပေမယ့် သူ့မျက်လုံးထဲမှာတော့ သူ့ရည်မှန်းချက်တွေ အောင်မြင်ပြီး မိသားစုဆီ ပြန်လာခဲ့တဲ့ သူရဲ​ကောင်း ​တစ်ယောက်လို ဖြစ်နေ၏။

"အိမ်တော်သခင်ကျန်း သိပ်ပြောနေစရာ မလိုပါဘူး.... ကျုပ်တို့ ထျန်းလုံအစောင့်တွေမှာ ကိုယ်ပိုင် စီရင်ချက် ရှိတယ်။ ချင်းလုံအရှင်... ဟားဟား ကောင်လေး မင်းက ထျန်းလုံဧကရာဇ် အင်ပါယာရဲ့ စည်းကမ်းတွေကို မင်းမသိဘူးလား? မင်းက ကိုယ့်ကိုကိုယ်တောင် ချင်းလုံအရှင်လို့ ခေါ်ရဲတယ်ပေါ့လေ.... ကောင်းပြီ မင်း ငါတို့နဲ့ လိုက်ခဲ့"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now