Chapter (182) Arc 4
နိယာမထိန်းချုပ်မှုထျန်းလုံကျောင်းတော်ရှိ ကျောင်း၄ ကျောင်း ပြိုင်ပွဲများအတွက် အမည်စာရင်းများ စုစည်းထားသော ခန်းမတစ်ခုတွင် ဖြစ်သည်။
လုရွှမ် သူတို့ကို တစ်ရက်ပဲ အချိန် ပေးထား၏။ တစ်ရက်ပြီးရင် နောက်ထပ် လာတဲ့သူက ဘယ်လောက်ပဲ ကြံ့ခိုင်နေပါစေ အရည်အချင်း ရှိနေပါစေ အသုံးဝင်တော့မှာ မဟုတ်ဘူး။
လက်ရှိအခိုက်တွင် လုရွှမ်သည် ကိုယ်ခံပညာခန်းမထဲတွင် ရပ်နေပြီး တစ်ယောက်ပြီး တစ်ယောက် အကဲဖြတ်သည့် နေရာကိုလာနေဆသာ အရည်အချင်းရှိ ကျောင်းသားများကို စောင့်ကြည့်နေသည်။ ထိုလူများသည် အတော်လေး အားနည်းနေသေးသလို ကွာဟချက်လည်း အနည်းငယ် ရှိနေသေးသည်။
တကယ့် အရည်အချင်းရှိတဲ့ ကျောင်းသားတွေ မရောက်သေးဘဲ သူတို့ဟာ သူ့ကိုဟာသလို့ ကြည့်ဖို့ စောင့်နေကြတုန်းပဲ ဆိုတာကိုလည်း သူက ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။
ဖန်းချန်၏ မျက်နှာမှာ အလွန်ရှက်ရွံ့နေခဲ့သည်။ ယခင်က ကောင်းစွာ ပြောခဲ့ဖူးပြီး ကောင်းစွာကတိပေးခဲ့သော်လည်း ယခုအခါတွင်မူ မျက်နှာကိုပင် မပြရဲတော့အောင် ဖြစ်နေပြီ။
"ကျောင်းအုပ်ကြီး ဒါမှမဟုတ် ကျုပ်တို့ သူတို့ကို သွားရှာကြမလား?"
လုရွှမ် ဖန်းချန်ရဲ့ အကြံပြုချက်ကို လက်ကာလျက် ရပ်တန့်စေလိုက်ပြီး။
"မလိုဘူး.... သူတို့ဘာသာ သဘာဝအတိုင်း တံခါးဝကို ရောက်လာလိမ့်မယ်.... သူတို့ ဆန္ဒမရှိရင်တောင် လာချင်တဲ့သူတွေ အများကြီး ရှိတယ်... မင်းကြည့်လိုက်"
လုရွှမ်၏ လက်ချောင်း ညွှန်ပြရာလမ်းတွင် လူအနည်းငယ်နှင့် လျိုဟွာ လမ်းလျှောက်လာနေတာကို တွေ့လိုက်ရသည်။ လျိုဟွာသည် လူအနည်းငယ်ကို ဆွဲဆောင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း တချို့မှာ မနှစ်သက်ကြပုံပင်။
"ကျောင်းအုပ်ကြီး... သူတို့က ကျွန်တော့်ရဲ့..."
ရွှေရောင်ဆံပင်နဲ့ လူငယ်တစ်ယောက်က လျိုဟွာကို တိုက်ရိုက် ဆွဲကိုင်လိုက်သည်။ ထိုလူသည် ကျောင်းသို့ စတင် ဝင်ရောက်စဉ်က ဆရာ့တစ်ဦးအား ရိုက်နှက်ဆုံးမခဲ့၏။ နောက်ပိုင်းတွင် တစ်စုံတစ်ဦးသည် သူ့ထံချဉ်းကပ်ကာ ချင်းလုံအရှင်ကို သင်ခန်းစာပေးရန် အကူအညီ တောင်းခဲ့သည်။