Chapter 14.5/14.6

Start from the beginning
                                    

ကုယွင်က လန့်သွားပြီး ဘေးနားမှ ရင်ခံကို အမြန်ဆွဲယူကာ သေသေသပ်သပ် ပြန်ဝတ်လိုက်သော်လည်း ခပ်ချောင်ချောင် ဖြစ်နေခဲ့သည်။ ကုယွင်က ဒေါသအလွှာလေးတစ်လွှာဖြင့် တိတ်တိတ်လေး သက်ပြင်းချကာ အေးစက်နေသော မျက်လုံးများဖြင့် တံခါးဝမှ မဖိတ်ခေါ်ထားသည့် ဧည့်သည်ကို စိုက်ကြည့်နေသည်။ ကုယွင်က ထေ့ငေါ့ငေါ့ငေါ့နှင့် "စစ်သူကြီးစု၊ တစ်ယောက်ယောက်ရဲ့ အခန်းထဲကို မဝင်ခင်မှာ တံခါးကို အရင်ခေါက်ဖို့ ရှင့်ကို ဘယ်သူမှ မသင်ပေးဖူးဘူးလား?"

စုလင်းက တဲထဲကို ဝင်လာပြီး အေးစက်စက်နဲ့ ပြန်ဖြေလိုက်သည်။ "ဘယ်သူမှ မသင်ပေးဖူးဘူး"

ကုယွင်က စကားမပြောနိုင်လောက်အောင် အံ့သြသွားသည်။ သူပြောနေပုံက သူက တကယ်ကိုပဲ ဖြောင့်မတ်တဲ့ စစ်သူကြီးတစ်ယောက်ပေါ့လေ။ ဒါပေမယ့် အခုအချိန်မှာ သူမက သူ့ကို အမြန်ထွက်သွားစေချင်ပြီး ကျင့်ဝတ်တွေကို သင်ကြားပေးဖို့ စိတ်မဝင်စားနိုင်တော့ဘူး။ ကုယွင်က ဆေးပုလင်းကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ဘူးစို့ကို ပါးစပ်နဲ့ ကိုက်ဖွင့်လိုက်ကာ "ရှင့်မှာ ပြောစရာရှိရင် မြန်မြန်ပြော၊ ပြီးရင် မြန်မြန် ပြန်ထွက်သွားတော့"

တဲအတွင်းပိုင်းတွင် ဆီမီးခွက်တစ်ခုသာရှိပြီး အလွန်မှောင်နေသည်။ ကုတင်ရှေ့တွင် သွေးစွန်းနေသော ပိတ်ကျဲစလေးတစ်ခုက မြေပြင်ပေါ်သို့ ပြုတ်ကျနေပြီး ဆေးပုလင်းများနှင့် သန့်ရှင်းသောအဝတ်စအချို့ကို ကုတင်ပေါ်တွင် ရှုပ်ပွနေအောင် တင်ထားသည်။ အလင်းရောင်မှိန်မှိန်က သူမ၏သေးငယ်သော ခန္ဓာကိုယ်ပေါ်သို့ ဖုံးအုပ်နေပြီး သူမလက်က အဆင်မပြေသည့်အနေအထားတွင် ရှိနေကာ ဆေးမှုန့်ကို လက်တစ်ဖက်ဖြင့် ဖျန်းနေသည်။

စုလင်း၏နက်မှောင်သော မျက်လုံးများ မှိန်ဖျော့သွားပြီး သူမကို အနည်းငယ် စိတ်တိုသွားသလို ခံစားလိုက်ရသည်။ ဒီမိန်းခလေးက မိန်းခလေးနဲ့ကို မတူဘူး! သူများတွေကို မထေမဲ့မြင်လုပ်ဖို့ပဲ သိတယ်၊ ပြီးတော့ စိတ်ကြီးဝင်လွန်းတယ်...

စုလင်းမှာက ကြမ်းတမ်းသောမျက်နှာနှင့် ရိုင်းစိုင်းသော လှုပ်ရှားမှုများ ရှိနေတာကြောင့် သူက ကုယွင်၏ လက်မှ ဆေးပုလင်းကို လုယူကာ ဒဏ်ရာပေါ်သို့ အမှုန့်များကို ဖြန်းလိုက် အဝတ်စကို ကောက်ကိုင်ကာ ဒဏ်ရာကို ပတ်တီးဖြင့် တိတ်တဆိတ် ပတ်ပေးနေသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now