Chapter 14.3/14.4

Start from the beginning
                                    

"နေဦး" စုလင်းက မူရိကို အေးစက်စွာ ဟန့်တားလိုက်ပြီး သူ၏နက်မှောင်သော မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နေကာ "မင်း ပြောနေတဲ့လူက ငါ သိတဲ့ ချင်းမော့ဆိုတာ သေချာလား"

ပထမအကြောင်းအရာတွေကို တွန်းအားပေးပြီး နားထောင်နိုင်ပေမယ့် ဒုတိယပိုင်းကတော့ တကယ်ကို.....

ဘာတဲ့...ရှက်တက်ပြီး သိမ်မွေ့တယ်တဲ့လား?? အဲ့ဒိချင်းမော့ကိုသာ ရှက်ရွံ့တက်ပြီး သိမ်မွေ့တယ်လို့ ယူဆလိုက်ရင် ဒီကမ္ဘာပေါ်မှာ ရဲရင့်ပြီး သန်မာတဲ့ မိန်းခလေးဆိုတာ ရှိပါအုံးမလား??

မူရိက သူ ဒီလိုတုံ့ပြန်လိမ့်မယ်ဆိုတာကို မှန်းဆထားပြီးဖြစ်နေကာ ပခုံးတွန့်ပြလိုက်ပြီး "ငါပြောနေတာက ချင်းမိသားစုရဲ့ တတိယမြောက် မိန်းမပျိုအကြောင်းပဲ။ ငါတို့ရှေ့မှာ မြင်နေရတဲ့ ချင်းမော့ဟုတ်လား မဟုတ်လားဆိုတာတော့ ငါလည်း မသိဘူး"

အခန်း ၁၄ ခန္ဓာကိုယ်ကို ဘယ်လို စစ်ရမှာလဲ (အပိုင်း ၄)

စုလင်းက မျက်မှောင်ကြုတ်ပြီး "သူ(မ)က သူ(မ) ပုံရိပ်ကို နှိမ့်ချပြီး နေ နေတာဖြစ်နိုင်မလား?? လူတွေကို မြင်နိုင်ဖို့ တမင်တကာ ပြသထားတဲ့ အသွင်အပြင်လား?!"

မူရိ၏ မျက်လုံးများက အနည်းငယ် တဖျပ်ဖျပ် တောက်လာသည်။ လင်းရဲ့ပထမဆုံး တုံ့ပြန်မှုက ဒီလိုလား?? အခုစစ်တပ်ထဲမှာရှိနေတဲ့ လူက အတုအယောင် မဟုတ်ဘဲ သူ(မ)က နိမ့်ကျတဲ့ သွင်ပြင်လက္ခဏာကို ထိန်းသိမ်းထားတာကြောင့် သူ(မ)ကို ထင်ယောင်ထင်မှား ဖြစ်နေတယ်လို့ ပြောချင်တာပေါ့၊ နောက်ဆုံးတော့ သူ သဘောပေါက်လိုက်ပြီ၊ လင်းက သူ့ကိုယ်သူ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ တစ်ဖက်လူဆီမှာ ကျဆုံးသွားပြီ။ မူရိက စိတ်ထဲတွင် ပြုံးနေသော်လည်း သူ့မျက်နှာတွင် မကျေမနပ်ဖြစ်နေသော အမူအရာနှင့် အကြည့်ကို ဖော်ပြကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ "အိမ်မှာပဲ နေပြီး စစ်ရေးဗျူဟာ စာအုပ်တွေနဲ့ ကိုယ်ခံပညာလက်စွဲစာအုပ်တချို့ကို ဖတ်နေရုံနဲ့ ဒီနေ့ သူ့(မ)မှာရှိနေတဲ အရည်အချင်းနဲ့ ဗဟုသုတတွေ ရှိနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ဒါက စမ်းသပ်မှုမျိုးစုံကို ကျော်ဖြတ်ဖူးတဲ့သူမျိုးမှပဲ ဖြစ်နိုင်တယ်။ ငါ သိခဲ့ရသလောက်ကတော့ ချင်းမိသားစုက တတိယမြောက်မိန်းမပျိုက ဟောင်ယွဲ့ရဲ့မြို့တော်မှာပဲ အမြဲနေထိုင်ခဲ့တယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now