Chapter 14.3/14.4

Start from the beginning
                                    

"မင်း မိုက်မဲတဲ့စကားတွေကို ပြောပြီးပြီဆိုရင် ငါ့မျက်စိရှေ့ကနေ အမြန်ပျောက်ကွယ်သွားလိုက်တော့" စုလင်းက မူရိထံမှ အကြိမ်ကြိမ် လှောင်ပြောင်ခံရဖူးပြီး အချိန်ကြာတာနဲ့အမျှ ထုံနေပြီဖြစ်ကာ သူ့ကို ကြည့်ရန်ပင် ပျင်းလွန်းလှသည်။ စုလင်းက ရေဝေစနစ်မြေပုံကို သစ်သားသေတ္တာထဲ ထည့်လိုက်ပြီး သေတ္တာကို သူ့နောက်မှ စာအုပ်စင်ပေါ် လှမ်းတင်လိုက်သည်။

မူရိကလည်း သူ လျစ်လျူရှုခံထားရတာကို လုံးဝ စိတ်မဆိုးပါဘူး။ သူက ထွက်ပေါက်ဆီသို့ လျှောက်သွားရင်း သက်ပြင်းတစ်ချက်ချလိုက်ကာ "ဟုတ်ပါပြီ၊ နောက်ဆုံးတော့ အခက်အခဲတွေ အများကြီးကြားကနေ ချင်းမိသားစုရဲ့နောက်ခံကို ငါ သိခဲ့ပြီ။ ငါက မင်းနဲ့ ချင်းမိသားစုရဲ့ တတိယသခင်မလေးအကြောင်း ဆွေးနွေးဖို့ စိတ်ကူးထားခဲ့တာ။ မင်း စိတ်မဝင်စားရင်တော့ ငါ ထွက်သွားလိုက်ပါ့မယ်"

သစ်သားသေတ္တာကို ကိုင်ထားသော စုလင်းက နောက်ပြန်လှည့်လာပြီး အေးစက်စွာ ပြောလိုက်သည်။ "ရပ်လိုက်စမ်း"

အသံက မကျယ်ပေမယ့် ဂရုတစိုက် နားထောင်ရင် နည်းနည်းလေး စိတ်အားထက်သန်နေတာကို သိနိုင်တယ်။ မူရိ၏နှုတ်ခမ်းထောင့်များက အနည်းငယ် ပင့်တက်လာပြီး စုလင်းကို မှန်းဆဖို့ မကြိုးစားတော့ဘဲ ထိုင်ခုံတစ်လုံးပေါ် ထိုင်ချလိုက်ကာ ပျော်ပျော်ရွှင်ရွှင် ပြောပြနေတော့သည်။ "ချင်းမော့... လက်ရှိအသက်က ဆယ့်ငါးနှစ်ထဲမှာ.... အသက်ငါးနှစ်မှာ ကဗျာတွေ ‌ရေးနိုင်နေပြီ၊ ခုနစ်နှစ်အရွယ်မှာ သရုပ်ဖော်တေးသွားတွေ ရေးစပ်ခဲ့တယ်၊ ဆယ်နှစ်မှာ ဟောင်ယွဲ့က အကျော်ကြားဆုံး စစ်တုရင်ဆရာကြီးနဲ့ စစ်တုရင် ပြိုင်ခဲ့ပြီး သရေကျခဲ့တယ်၊ အဲ့အဖြစ်အပျက်ကြောင့် တိုင်းပြည်တလွှားမှာ ကျော်ကြားလာပြီး နောက်ပိုင်းမှာ တိုင်းပြည်အသီးသီးက သံတမန်တွေကိုတောင် အနိုင်ယူနိုင်ခဲ့တယ်။ သူ(မ)ရဲ့ထူးချွန်တဲ့ စစ်တုရင်စွမ်းရည်ရယ်၊ ချင်းမိသားစုက အကြီးဆုံးသမီးရဲ့ ဗျပ်စောင်းပညာရယ်၊ ဒုတိယသမီးရဲ့ လက်ရေးလှနဲ့ ပန်းချီကျွမ်းကျင်မှုတွေရယ်ကြောင့် သူတို့ကို "ဟောင်ယွဲ့ရဲ့အံ့ဖွယ်သုံးပါး" လို့ လူသိများတယ်။ ဒါပေမယ့် ချင်းမော့က အရှက်အကြောက်ကြီးပြီး သူစိမ်းတွေနဲ့ တွေ့ဆုံရမှာကို အရမ်းကြောက်တယ်တဲ့၊ သူ့(မ)ရဲ့ခန္ဓာကိုယ်က အရမ်း နူးညံ့ပြီး သိမ်မွေ့..."

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now