Chapter 14.1/14.2

Start from the beginning
                                    

အခန်း ၁၄ ခန္ဓာကိုယ်ကို ဘယ်လို စစ်ရမှာလဲ (အပိုင်း ၂)

"ဟုတ်ကဲ့" စုရန်က သူ့ကို ဆွဲဆောင်ဖို့ မကြိုးစားတော့ဘဲ အမိန့်ကို နာခံကြောင်း ကျယ်ကျယ်လောင်လောင် တုန့်ပြန်လိုက်သည်။ သူ့အစ်ကိုကြီးရဲ့ဒေါသကို သူ အသိဆုံးပဲ၊ အကြီးဆုံးအစ်ကိုနဲ့ စကားတွေ အများကြီးပြောပြီး ပြိုင်ငြင်းဖို့ဆိုတာ သူ့အတွက်တော့ မဖြစ်နိုင်ဘူး။

အချိန်အတော်ကြာ နားထောင်ပြီးနောက် သူ့နာမည်ကို မကြားရတာကြောင့် ဟန်ရှုက အနည်းငယ် စိုးရိမ်လာပြီး ရှေ့တိုးလာကာ "ကျွန်တော်မျိုးကရော ဘယ်လိုလဲ??"

စုလင်းက "မင်းရဲ့ဒဏ်ရာတွေက မသက်သာသေးဘူး၊ စခန်းမှာနေခဲ့"

ဟန်ရှု ရုတ်တရက် ထရပ်လိုက်ပြီး "စစ်သူကြီး၊ ဒီဒဏ်ရာသေးသေးလေးက ကျွန်တော်မျိုးကို ဒုက္ခပေးဖို့ မလုံလောက်ပါဘူး။ ဒီငယ်သားက စစ်မြေပြင်ကို လိုက်ခဲ့ပါရစေ"

သူ၏ပြတ်သားသော မျက်နှာတွင် တည်ကြည်မှု အပြည့်ရှိနေပြီး သူ၏ဖြောင့်တန်းနေသော ပခုံးများက သူ၏ ဆုံးဖြတ်ချက်ခိုင်မာကြောင်း ပြသနေသည်။ စုလင်းက သူ့ကို မော့ကြည့်လိုက်ပြီး နောက်ဆုံးတွင် "ကောင်းပြီ၊ မင်း စုရန်နဲ့ သွားလိုက်၊ ရွှေတွေ ပြန်သယ်လာခဲ့"

"ဟုတ်ကဲ့" ကျယ်လောင်သောအသံက ဟန်ရှု၏ စိတ်နေစိတ်ထားကို အပြည့်အဝ ပြသနေသည်။

အချိန်အတော်ကြာ စကားပြောနေကြသော်လည်း ကုယွင်က နှုတ်ဆိတ်နေခဲ့သည်။ စုလင်းက သူမ သူ့ကို စိတ်ဆိုးနေသေးသည်ဟု ထင်မိသော်လည်း အနီးကပ် စစ်ဆေးကြည့်သောအခါတွင် သူမက အတွေးများပျံ့လွင့်နေပုံရပြီး သူတို့စကားကို လုံးဝ နားမထောင်နေတာကြောင့် စုလင်းက အနည်းငယ် အံ့အားသင့်သွားသည်။ စုရန်က "မရီး... မင်း ဘာတွေ တွေးနေတာလဲ?"

ကုယွင်က ခဏလောက် စဉ်းစားပြီးနောက်၊ ဒီနေ့မနက် သူမ တွေ့ခဲ့သော အမျိုးသမီးအကြောင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။ "ဒီနေ့ မိုးသစ်တောထဲမှာ ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့တယ်။ သူ(မ)ရဲ့ကိုယ်ခံပညာက အားနည်းပေမယ့် မိုးသစ်တောပတ်ဝန်းကျင်နဲ့ အရမ်း ရင်းနှီးနေတယ်။ သူ့(မ)ကို ကြည့်ရတာ ဒီမှာကာလကြာရှည်နေထိုင်တဲ့ ‌ဒေသခံဖြစ်ပုံရတယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now