အပိုင်း(၃၆၅) ဤအရာကို ကလေးများ ကြည့်ရှုရန် မသင့်ပါ

Bắt đầu từ đầu
                                    

ဒုတိယဗားရှင်းတွင် ဘေးကင်းမှု စွမ်းဆောင်ရည်မှာ သိသာထင်ရှားစွာ တိုးတက်မှုရှိလာသည်။

ထို့ကြောင့် အခြေခံ တည်ထောင်ခြင်း အဆင့် ကျောင်းသားများမှာ ဝိညာဥ်အသီးကို စားသုံးပြီးလျှင် ရူးကြောင်ကြောင် မဖြစ်တော့ပေ။

ထို့အပြင် အဆိပ်ဖြေဆေးပါ တီထွင်နိုင်ခဲ့သောကြောင့် လုံးဝ ဘေးကင်းသည်ဟု ဆိုရမည်။

ဆိုရလျှင် ဆရာဝမ် ထွက်ပေါ်လာရန် တွန်းအားပေးဖို့ အတွက် တောက်တိက အစွမ်းကုန်ကြိုးစားခဲ့၏။

ဝမ်လင်းနှင့် ဖန့်ရှင်းတို့ ဖြေရှင်းခဲ့သော မှော်အစီအရင်များကို တာအိုဆရာ တောက်တိ ကိုယ်တိုင် တပ်ဆင်ထားခြင်း ဖြစ်သည်။

ထိုအစီအရင်က ဝမ်လင်းတို့ မဖြေရှင်းခဲ့လျှင်ပင် အချိန်တစ်ခုအရောက်၌ သူ့အလိုလို ပျောက်ကွယ်သွားလိမ့်မည်သာ။

ဆိုရလျှင် ထိုအစီအရင်က "မင်းရဲ့အစ်ကိုက မင်းမိန်းမနဲ့အိပ်နေတယ်" ဟု ပြောတာထက်ပင် ကြောက်စရာ ကောင်းနေသည်။

ဤအရာအားလုံးသည် တာအိုဆရာ တောက်တိ ဂရုတစိုက်စီစဉ်ထားသော အတုအယောင် အစီအရင်တစ်ခုသာ ဖြစ်၏။

သို့သော် စစ်မှန်သည့် အချက်တစ်ချက် ရှိသည်။

ယင်းမှာ ရွှေကုံးဂိုဏ်း၏ အဆင့်အတန်း ခွဲခြားပုံ ဖြစ်၏။

ရုပ်ဆိုးသူ မည်သူမဆို အဖွဲ့ဝင် ဖြစ်လာနိုင်ပြီး ရုပ်ဆိုးလေလေ ရာထူးမြင့်လေ ဖြစ်သည်။

ထိုစည်းမျဥ်းမှာ ထိုအချိန်က တာအိုဆရာ တောက်တိ ရုပ်ပျက်ဆင်းပျက် ဖြစ်လာပြီးနောက် ပေါ်ပေါက်လာခဲ့သည့် ထူးဆန်းသော စည်းမျဉ်းတစ်ခု ဖြစ်ပြီး ယခုအချိန်အထိ မပြောင်းလဲသေးသော အရာတစ်ခုလည်း ဖြစ်သည်။

အဖြစ်အပျက် တစ်ခုလုံး ပြီးဆုံးသွားပြီးနောက်တွင် လူတစ်ချို့မှာ စိတ်ပူပင်နေခဲ့ကြသည်။

စုန့်ဟိုင်မြို့၏ ဗဟိုချက်ရှိ အထပ်မြင့် အဆောက်အအုံကြီး တစ်ခု၏ အပေါ်ဆုံးထပ်တွင်..

ရဲတိုက်သခင်က ဆိုဖာပေါ်တွင် ထိုင်ကာ မျက်နှာဖုံးတပ်ထားသည့် တာအိုဆရာ တောက်တိကို စိုက်ကြည့်နေသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝNơi câu chuyện tồn tại. Hãy khám phá bây giờ