အပိုင်း (၁၄၆ + ၁၄၇)

Start from the beginning
                                    

ချန်းယန်က အပြုံးတစ်ခုနှင့် သူတို့ကို ပထမဆုံး ကြိုဆိုလိုက်လေသည်။

" ကြိုဆိုပါတယ်ခင်ဗျာ ကြွပါ၊ လူကြီးမင်းတို့က ဒီတစ်ခါ အင်တာဗျူးအတွက် ရောက်လာကြတဲ့ မြို့တော်တက္ကသိုလ်ကလွှတ်လိုက်တဲ့ သူတွေဖြစ်ရမယ်"

သူသည် မြို့တော်တက္ကသိုလ်က လူတွေနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ရှားပါးအခွင့်အရေးကို မြန်မြန်အရယူလိုက်လေသည်။ နောက်ဆုံး သည်တက္ကသိုလ်သို့ ဝင်နိုင်သူများသည် ထူးချွန်ကြသူများဖြစ်လေသည်။ သူက သူ့အဖိုးတန်လက်ဖက်ခြောက်ကို မြန်မြန်ထုတ်ကာ အားလုံးအတွက် ကိုယ်တိုင်ပြင်ဆင်ပေးလိုက်တော့သည်။

" မင်္ဂလာပါ၊ ကျွန်တော့်နာမည်က ကျန်းဟွားပါ၊ ကျွန်တော့်နောက်ကလူတွေက ကျွန်တော်တို့ မြို့တော်တက္ကသိုလ်က အားလုံးထူးချွန်ကြတဲ့ သင်္ချာပညာရှင်တွေပါ"

ကျန်းဟွား၏အသံက အလွန်မှကျယ်လောင်ပေသည်။

သူ့စကားဆုံးသွားသည်နှင့် လက်ဖက်ရည်ထည့်ပေးနေသည့် ချန်းယန်က မနေနိုင်တော့ဘဲ တုန်ယင်သွားပြီး လက်ဖက်ရည်များပင် အပြင်သို့ ဖိတ်ကျမလိုဖြစ်သွားတော့သည်။

ခဏ။ ကျန်းဟွား ဟုတ်လား။ သူက မြို့တော်တက္ကသိုလ် ကျောင်းအုပ်ကြီးကျန်းဟွမ်ရဲ့ တတိယသားမဟုတ်လား။ သူက တကယ်ကြီး အင်တာဗျူးကို လူကိုယ်တိုင် ဦးဆောင်မလို့လား။ ဒါက ပေါ့သေးသေးသဘာထားလို့မရတဲ့ ကြီးမားတဲ့ဂုဏ်သိက္ခာတစ်ခုပဲ။ ချန်းယန်သည် ရုတ်ချည်း သတိအနေအထားဖြစ်သွားတော့သည်။

ရှန်ရှင်းက ချက်ချင်းထရပ်လိုက်ပြီး သူတို့ကို နှုတ်ဆက်လိုက်လေသည်။ သူမသည် ကျန်းဟွား၏သရုပ်မှန်ကို မသိသော်လည်း သူတို့တွေ့လိုက်သည့်အချိန်ကစပြီး အင်တာဗျူးသူများအပေါ် ကောင်းမွန်သည့်အမြင်တစ်ခု ချန်ခဲ့ချင်လေသည်။

ရှန်ယွဲ့တစ်ယောက်သာ ဆိုဖာပေါ်တွင် အေးအေးဆေးဆေးထိုင်ကာ ရုံးခန်းထောင့်နားတွင် မဂ္ဂဇင်းတစ်အုပ်ကို လှန်လှောကြည့်နေလိုက်သည်။

သို့သော်ငြား ကျန်းဟွားသည် ထောင့်တွင်ရှိနေသည့် ရှန်ယွဲ့ကို သတိထားမိလိုက်သေးသည်။ သူက မြန်မြန်လျှောက်သွားလိုက်၏။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now