အပိုင်း (၁၄၂ + ၁၄၃)

Start from the beginning
                                    

" ဘာလို့လဲ၊ ရှန်ရှင်းသာ သင်္ချာပါရမီရှင်ဆိုရင် သူက ကျောင်းက လပတ်စာမေးပွဲမှာ ဘာလို့ အဆင့်၁၀ တောင်မဝင်ရတာလဲ"

" ဟုတ်တယ် ကျောင်းအုပ်ကြီး၊ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့ ဒီကိုရောက်လာတာ"

အမြဲလိုလို တည်တည်ငြိမ်ငြိမ်ရှိသည့် ယွီဟောက်ကလည်း ပြောလိုက်လေသည်။

" ကျွန်တော်တို့ နေ့တိုင်း ပြောဆိုပုံနဲ့ ရှန်ရှင်းရဲ့ သင်္ချာအမှတ်တွေကို ကြည့်ရင် သူက မြို့တော်တက္ကသိုလ်က စီနီယာလင်ရှောင်းတောင် မဖြေနိုင်တဲ့ ပုစ္ဆာကို ဖြေနိုင်ခဲ့တယ်ဆိုတာ ကျွန်တော်တော့ ယုံဖို့ ခက်ခက်ပဲ"

ဘေးတွင် ရပ်ကြည့်နေသည့် ရှန်ယွဲ့က စဥ်းစားလိုက်လေသည်။ အခုနေ ငါစာ အဲဒီပုစ္ဆာကို ဖြေခဲ့ပါတယ်လို့ ပြောရင် ဘယ်သူကမှ ငါ့ကို ယုံကြမှာမဟုတ်ဘူး။ ဒီလူ့အဖွဲ့အစည်းက လူတွေကို ပုံပန်းသဏ္ဍာန်နဲ့ ဆုံးဖြတ်နေတာကိုတော့ လက်ခံရတော့မှာပဲ။

ဒါပေမယ့် ငါက ဒီနေရာကို ရှိုးပွဲကြည့်ဖို့လာတာဆိုတော့ ဆူဆူညံညံ ဖြစ်လေလေ ပိုကောင်းလေလေပဲ။ အနည်းဆုံးတော့ ငါ့မှာ ကြည့်စရာတစ်ခုခု ရှိလာပြီလေ။

"ဒါဆိုရင် အားလုံးက ဘာလုပ်ချင်လို့လဲ"

ကျောင်းသူကျောင်းသားများ၏ သဘောထားအောက်က ဖိအားကြောင့် ချန်းယန်မှာ မတတ်သာတော့ဘဲ မေးလိုက်ရတော့သည်။

ချန်းမင်က ဦးစွာ အော်ပြောလိုက်လေသည်။

" သမီးတို့တွေ ရှန်ရှင်းကို အင်တာဗျူး ပြန်ဖြေခိုင်းစေချင်ပါတယ်၊ သူ မြို့တော်တက္ကသိုလ်ရဲ့ အင်တာဗျူးကို အောင်တယ်ဆိုတာကို သမီးတို့မယုံနိုင်ပါဘူး"

ထိုစကားကို ကြားလိုက်ပြီးနောက်တွင် ချန်းယန်သည် ရှက်ရွံ့သွားတော့သည်။ ထို့ကြောင့် သူက စိတ်ကူးတစ်ခုရလာပြီး ရှန်ယွဲ့ဘက်သို့ လှည့်လိုက်ကာ

" ရှန်ယွဲ့ သမီးကရော ဆရာတို့ဘယ်လိုလုပ်သင့်တယ်ထင်လဲ"

ချန်းယန်က သူ့ဟာသူ တွေးလိုက်လေသည်။ နောက်ဆုံးတော့လည်း ရှန်ရှင်းက ရှန်ယွဲ့ရဲ့ ညီမလေးအရင်းလေ။ သူတို့ဆက်ဆံရေးက မကောင်းဘူးဆိုပေမယ့် အချိန်တိုအတွင်း ရှန်ယွဲ့ရဲ့သဘောထားကို သူ အဖြေရှာမရဘူး။ နောက်ပိုင်း တာဝန်ယူရမယ့် ကိစ္စကို ရှောင်ဖို့ဆိုရင် ဒီအာလူးဖုတ်ကို ရှန်ယွဲ့ဆီ ပစ်ပေးလိုက်မှရမယ်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now