အပိုင်း (၁၄၂ + ၁၄၃)

Start from the beginning
                                    

" ဘာဖြစ်ကြတာလဲ၊ ကလေးတို့၊ အရမ်းနောက်ကျနေပြီလေ၊ မင်းတို့တွေဘာလို့ ဒီကိုရောက်လာတာလဲ"

ဘယ်သူမှ စကားမပြောကြသဖြင့် ချန်းယန်က ပြောလိုက်လေသည်။

" ဘာဖြစ်တာလဲ၊ တစ်ယောက်ယောက်က မင်းတို့ကိုအနိုင်ကျင့်ရင် ပြောလိုက်၊ ဆရာ မင်းတို့ကို ကာကွယ်ပေးမယ်"

သို့နှင့် အားလုံးက ယွီဟောက်ကို တွတ်ထိုးလိုက်ကြလေသည်။ ထိုအချင်းအရာကြောင့် ယွီဟောက် ရှေ့တစ်လှမ်းတိုးလိုက်ကာ ပြောလိုက်တော့သည်။

" ကျောင်းအုပ်ကြီးခင်ဗျ ရှန်ရှင်းက 'သင်္ချာပါရမီရှင်'လားဆိုတာကို မေးချင်လို့ပါ"

ချန်းယန်သည် ကလေးများက ညကြီးမင်းကြီး သည်ကိစ္စကို မေးရန် ရောက်လာကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

" ကျောင်းသူရှန်ရှင်းက ဆရာ့ကိုလာရှာပြီး သူက အွန်လိုင်းပေါ်က 'သင်္ချာပါရမီရှင်'ပါလို့ လာပြောတယ်၊ သူက တွက်ချက်ထားတဲ့ အကြမ်းစာရွက်ကိုလည်း သက်သေအနေနဲ့ ထုတ်ပြခဲ့တယ်"

ယွီဟောက်က မြန်မြန်မေးလိုက်၏။

" ဒါဆို ရှန်ရှင်းက မြို့တော်တက္ကသိုလ်ကိုတက်ဖို့ တကယ်အာမခံရသွားတာပေါ့"

"မြို့တော်တက္ကသိုလ်က ရှန်ရှင်းကို အင်တာဗျူးဖို့ လူလွှတ်ခဲ့တယ်လေ၊ သူက အင်တာဗျူးကိုလည်း အောင်သွားတယ်"

ချန်းယန်သည် ခဏလောက်စဥ်းစားလိုက်ပြီးမှ ပြောလိုက်ခြင်းပင်။ ရှန်ယွဲ့ သည်နေရာတွင်သာ ရပ်မနေလျှင် သူသည် သည်ည ဘာကိုမှ ပြန်ဖြေလိမ့်မည်မဟုတ်ချေ။

ထိုစကားကိုကြားလိုက်ရပြီးနောက် ရုံးခန်းမှာ ပွက်လောရိုက်သွားတော့သည်။

" ရှန်ရှင်းပြောတာ တကယ်အမှန်ပဲပေါ့၊ သူ တကယ်ပဲ ဝင်ခွင့်အာမခံရသွားတာပေါ့"

" ငါ သူ့ကို အားကျလိုက်တာ၊ မြို့တော်တက္ကသိုလ်တဲ့ဟဲ့"

ကျောင်းသားကျောင်းသူများသည် ထိုအကြောင်းကို ပြောနေကြသော်လည်း ချန်းမင်က အရင်ဆုံးထရပ်လိုက်ကာ မေးခွန်းထုတ်လိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now