အပိုင်း (၁၂၆+၁၂၇)

Start from the beginning
                                    

ကျောင်းအုပ်ကြီးသည် ရှန်ရှင်းက သူ့ကိုတွေ့ချင်သည်ဟု ကြားလိုက်ရသဖြင့် အံ့ဩသွားလေသည်။ သို့သော် သူ့လက်ထဲက ကျောင်းသားမှတ်တမ်းကြောင့် သူ့ရှေ့က မိန်းကလေးမှာ ရှန်ယွဲ့၏ညီမလေးဖြစ်နေသည်ကို သိထားသည်။ ပြီးခဲ့သည့် ရန်ပွဲအကြောင်း စဥ်းစားလိုက်ပြီးနောက် သူသည် ရှန်ယွဲ့၏မိသားစုကို မျက်ကွယ်မပြုရဲပေ။ ထို့ကြောင့် သူသည် အလုပ်များနေသော်လည်း ရှန်ရှင်းကို လက်ခံတွေ့ဆုံဖို့ အချိန်ပေးလိုက်တော့သည်။

ရှန်ရှင်းသည် မလာခင်က အကြောင်းအရာကို မပြောပြခဲ့ချေ။ အကြောင်းမှာ သည်ကိစ္စကို တခြားလူများအား ကြိုတင် အသိမပေးချင်သောကြောင့်ပင်။ သူမသည် ကျောင်းအုပ်နှင့် ကိုယ်တိုင်တွေ့ပြီး ပြောဖို့ စိတ်ကူးလိုက်တော့သည်။ မဟုတ်လျှင် သည်ကိစ္စပျံ့သွားပြီး ရှန်ယွဲ့၏နားထဲရောက်သွားလျှင် သူမ၏အစီအစဥ် ပျက်သွားလိမ့်မည်။

" မင်း ငါ့ကိုတွေ့ချင်တယ်လို့ ပြောသံကြားတယ်"

ကျောင်းအုပ်ကြီးက ရုံးခန်းထဲသို့ ဝင်လာသည်နှင့်ချက်ချင်း ဆိုဖောပေါ်တွင် ငြိမ်ငြိမ်လေးထိုင်နေသည့် မိန်းကလေးကို တွေ့လိုက်ရသည်။

ဒီတော့ ဒါက ရှန်ယွဲ့ရဲ့ညီမလေးကိုး။ သူမက ရှန်ယွဲ့နဲ့လုံးဝမတူဘူးပဲ။ ကျောင်းအုပ်ကြီးသည် ရှန်ယွဲ့နှင့် နောက်ဆုံးအကြိမ်တွေ့ခဲ့သည်ချိန်ကို ပြန်သတိရသွားလေသည်။ သူမက သန်မတယ်၊ ရဲရင့်တယ် ပြီးတော့ တည်ငြိမ်တဲ့မိန်းကလေးတစ်ယောက်။ ဒါပေမယ့် သူ့ရှေ့က ရှန်ရှင်းကျတော့ ချစ်စရာကောင်းပြီး လိမ္မာတဲ့ပုံပဲ။ ညီအစ်မနှစ်ယောက်က လုံးဝကို မတူတဲ့စတိုင်လ်တွေနဲ့ပါလား။

"ဟုတ်ပါတယ် ကျောင်းအုပ်ကြီးချန်း ရှင့်၊ သမီး ဒီနေ့ ဆရာကြီးနဲ့ ကိစ္စလေးတစ်ခု စကားပြောချင်လို့ပါ"

ရှန်ရှင်းသည် ကျောင်းအုပ်ချန်း ဝင်လာသည်ကို တွေ့လိုက်ချိန်တွင် ချက်ချင်းထရပ်ကာ သူ့ကို နှုတ်ဆက်လိုက်လေသည်. နောက်ဆုံး သူမသည် အထက်တန်းကျောင်းသူတစ်ယောက်ပင်။ ကျောင်းအုပ်ကြီးနှင့် ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်ရာ သူမသည် စိုးရိမ်ပူပန်နေလေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now