အပိုင်း (၁၂၆+၁၂၇)

Comenzar desde el principio
                                    

" မင်း လမ်းဖယ်ပေးလို့ရမလား၊ ငါတို့ စာသင်ခန်းဆီ မြန်မြန်သွားရမှာမလို့"

အစ်မဖြစ်သူ၏ သည်လူ့အပေါ်ထားသည့် သဘောထားကို ခန့်မှန်းရခက်နေ၏။ ရှန်ချန်သည် အစ်မဖြစ်သူက သည်လူကို ကြိုက်နေသေးလျှင် သည်လူက လူကောင်းမဟုတ်သည့်အကြောင်း ပြောပြပြီး သူမကို ဖျောင်းဖျဖို့ ဆုံးဖြတ်လိုက်တော့သည်။

" မင်းက ဘာလို့ ငါတို့ကြားမှာ ဝင်နှောင့်ယှက်နေတာလဲ"

ယွီဟောက်သည် ရှန်ချန်၏ ရုတ်တရက် ကြားဝင်ခံလိုက်ရသဖြင့် မကျေမနပ်ဖြစ်သွားတော့သည်။ သူသည် သည်ဒုက္ခိတလေးကို လှောင်ပြောင်ချင်သော်လည်း ရှန်ယွဲ့၏ ဒေါသကိုတော့ ကြောက်လေသည်။

" သွားစို့၊ ဒီလိုလူနဲ့ ငြင်းမနေနဲ့"

ရှန်ယွဲ့က ယွီဟောက်နှင့် အချိန်ထပ်မဖြုန်းချင်တော့သဖြင့် သူ့ဘေးက ရှန်ချန်ကို ဆွဲကာ ဆက်လျှောက်လာခဲ့လိုက်၏။

ရှန်ယွဲ့နှင့်ရှန်ချန်တို့သည် အားလုံး၏အာရုံစိုက်မှုကို ခံနေရစဥ် ရှန်ရှင်းက သူမဘဝ၏အလှည့်အပြောင်းတစ်ခုနှင့် ရင်ဆိုင်နေရလေသည်။

သည်အခိုက်တွင် ရှန်ရှင်းသည် ကျောင်းအုပ်ကြီးရုံးခန်းထဲတွင် ထိုင်ရင်း မသက်မသာဖြင့် စောင့်ဆိုင်းနေလေသည်။

သူမသည် သည်နေ့တွင် အဝတ်အစားအသစ်များကို ထူးထူးခြားခြား ဝတ်လာခဲ့သည်။ သူမသည် အနီးနားက စျေးဝယ်စင်တာတစ်ခုတွင် သူမအတွက် အဝတ်အစားတစ်စုံဝယ်ပေးဖို့ သူမအမေကိုပင် ပူဆာခဲ့သေးသည်။ ပိုနီတေးလ်စည်းထားသည့် ဆံပင်ပုံစံနှင့် လိုက်ဖက်ကာ အပြစ်ကင်းပြီး ချစ်စရာကောင်းသည့် အဖြူနှင့် နေဗီပြာရောင်စပ်ထားသည့် ဂါဝန်တစ်ထည်ကို ဝတ်ထားသည်။ ကျောင်းအုပ်ကြီးကို ပိုမိုကောင်းမွန်သည့် အမြင်ပေးနိုင်ရန် သူမသည် စျေးဝယ်စင်တာတွင် မိတ်ကပ်တစ်ဆက် သွားဝယ်ခဲ့ကာ ထူးခြားပြောင်မြောက်သည့် ကြွေရုပ်လေးတစ်ရုပ်လို ပြင်ဆင်ဝတ်စားထားလေသည်။

ရှန်ရှင်းသည် သည်နေ့တွင် လိမ္မာချစ်စရာကောင်းဟန် ပေါ်နေ၏။ သူမ သည်လိုဝတ်စားထားသည်ကို မြင်ရသူတိုင်းက သူမကို အပြစ်ကင်းပြီး လိမ္မာသိတတ်သည့်မိန်းကလေးဟု ထင်ကြလိမ့်မည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Donde viven las historias. Descúbrelo ahora