-အပိုင်း၃၀-
"ဂျောက်"
ညအမှောင်မှာအခန်းတံခါးဖွင့်သံသည် ကျယ်လောင်စွာထွက်ပေါ်လာ၏။
တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်မိလိုက်သည်။ ထို့နောက် ပြိုင်တူခေါင်းငြိမ့်လိုက်ကြပြီး အခန်းအပြင်ကို ခေါင်းပြူကြည့်လိုက်သည်။ ထို့နောက် ကျော်ကိုကိုကအရင်ထွက်သည်။ အနောက်ကနေအေးချမ်းစေက ကပ်ရပ်ပါသည်။အိမ်၏အနောက်ဘက်တွင် သန့်စင်ခန်းနှင့်ရေချိုးခန်းကိုကပ်ရပ်ထားထားပြီး အပေါ်တွင် ရေလှောင်ကန်ကိုတင်ထားသည်။ ထိုသန့်စင်ခန်းခေါင်မိုးနှင့် ခြံတံတိုင်းသည် ကွက်တိခန့်ကျနေသည်ကို ကျော်ကိုကို ညနေကတည်းကကြည့်ထား၍သိသည်။
ရေလှောင်ကန်ပေါ်တက်သည့်လှေကားလေးမှတစ်ဆင့် အေးချမ်းစေကိုအရင်တက်စေလိုက်သည်။ ပြီးကာမှ ကျော်ကိုကိုပါလိုက်တက်သည်။
အမြင့်ကနေလှမ်းကြည့်လျှင် ၁၀ပေခန့်တော့ရှိသည်မို့ အေးချမ်းစေရော ကျော်ကိုကိုရောအနည်းငယ်တော့ကြောက်သည်။ ထိုအခိုက်
"ဟိတ် အဲ့တာဘာလုပ်နေကြတာလဲ"
ခပ်ထွားထွား အစောင့်တစ်ယောက်မှ လှမ်းအော်လိုက်သည်။ သူတို့နှစ်ယောက်လည်း တွေဝေမနေတော့ပဲ တစ်ဖက်သို့ခုန်ချလိုက်သည်။
"မြန်မြန်ပြေးရအောင်"
သူတို့ဆင်းလာသည်မို့ သစ်တောတစ်ခုဖြစ်ပြီး လမ်းဟူ၍ကောင်းကောင်းမမြင်ရပေ။ အရင်ဆုံးခြေဦးတည်ရာ လွတ်လမ်းရှာရမည်မို့ နှစ်ယောက်သားတစ်ယောက်လက်တစ်ယောက်ဆွဲ၍ပြေးလေသည်။
အနောက်ဘက်မှ ဆူညံသံ၊တံခါးဖွင့်သံတွေကြားနေရသည်။
"ဝုတ်...ဝုတ်"
သူတို့မွေးထားသည့်ခွေးများကိုပါ လွှတ်လိုက်ပုံရသည်။ အနောက်မှခွေးဟောင်သံများကိုပါအတိုင်းသားကြားနေရသည်။
ပြေးနေရင်းမှ အေးချမ်းစေသည် ခြေခေါက်၍ လဲကျသွားလေသည်။
"အာ့..."
"ရလားညီလေး"
ကျော်ကိုကိုသည်အေးချမ်းစေကိုပြန်လှည့်၍ထူလိုက်သည်။ ထိုအချိန်တွင် ခွေးတစ်ကောင်နှင့်အတူ လူတစ်ယောက်က ဓားမြောင်တစ်ခုကို ကိုင်ထားရင် သူတို့အရှေ့သို့ရောက်လာသည်။
![](https://img.wattpad.com/cover/358756771-288-k473913.jpg)