Part 14

3.6K 247 5
                                    

-အပိုင်း၁၄-

Warning - "လိင်စိတ်ကြွဆေးသည် သိရှိစေလိုခြင်းသာရေးသားထားပြီး မသုံးစွဲကြဖို့ရှောင်ရှားကြဖို့ မှာပါရစေခင်ဗျ ။ အဓိကအနေဖြင့် Gay Couple များအနေဖြင့် အတူ​ေနသည့်အခါ ကွန်ဒုံးသုံးကြဖို့နှင့် ဆေးဝါးတွေကိုမသုံးကြဖို့အကြံပြုပါရစေခင်ဗျာ။

......

ဆိုင်ထဲဝင်ထိုင်ပြီး ကော်ဖီတစ်ခွက်မှာကာ စီးကရက်ချည်းလှိမ့်သောက်နေသော သူရ၏မျက်နှာသည် သိသိသာသာညှိုးရော်နေသည်။

ကျော်ကိုကိုလည်း ဈေးပြီးအောင်ရောင်းပြီးသည်နှင့်သူရဘေးဝင်ထိုင်လိုက်သည်။

"ဘာတွေဖြစ်လာတာလဲ သူရ မျက်နှာလည်းမကောင်းပါလား"

"အဆင်မပြေဘူးကွာ ငါအရမ်းစိတ်ညစ်နေတာပဲ"

ဆေးလိပ်ကိုဖွာရှိုက်ပြီး အငွေ့များကို လေးပင့်စွာမှုတ်ထုတ်ရင်း သူရကဆိုလေသည်။

"ဘာတွေဖြစ်လို့လဲ ငါ့ကိုပြောပြချင်ရင်ပြောပြလို့ရတယ်နော်"

သူရသည် ကျော်ကိုကို့မျက်နှာကိုစေ့စေ့ကြည့်သည်။ ထို့နောက် အကြည့်လွှဲသွားသည်။

"ငါ့အိမ်က ပိုက်ဆံတောင်းပြန်ပြီဟ။
ရွာကခြံနဲ့အိမ်က အပေါင်ထားတာ အတိုးသပ်ရတော့မှာ အခုငွေကလိုနေပြန်ပြီ ဒီကြားထဲ ဒီမနက်စိတ်မကြည်ပါဘူးဆို အဆန်းကဆူလိုက်ပြန်ပြီ"

"မင်းအလုပ်လုပ်ရတာ အဆင်မပြေဘူးလား"

မပြေတာကိုသိပေမဲ့ ကျော်ကိုကိုသည် မေးလိုက်မိပါသည်။ဒီအလုပ်မျိုးကိုအဆင်ပြေပြေနှင့်ဘယ်လိုလူများကလုပ်နိုင်မည်နည်း။ သေချာပေါက်မပြေဘူးပေါ့။

"ဘယ်လုပ်ချင်မလဲ ကျော်ကိုကိုရာ အနေစားချောင်ပြီး ငွေရလွယ်လို့သာလုပ်နေတာ တစ်ခါတစ်လေကိုယ့်ကိုယ်ကိုယ်ရွံတယ်ကွ"

"အဲလိုမတွေးပါနဲ့ကွာ.... ဒီလိုလုပ်ရဖို့ကံပါလာတယ်ပဲတွေးပါကွ...မင်းရုန်းထွက်နိုင်အောင်ကြိုးစားရင်ရမှာပါကွာ"

"ထင်ပါတယ်"

သူရ၏မျက်ဝန်းများတွင် ဝမ်းနည်းမှု၊အားငယ်မှု၊ရှက်ရွံ့သိမ်ငယ်မှုများစွာကိုမြင်တွေ့နေရသည်။ ယောကျ်ားပြည့်တန်ဆာတစ်ဦး၏ သိမ်ငယ်အားငယ်မှုနှင့်ဝမ်းနည်းမှုသည် အလွန်ကိုသနားဖွယ်အတိ။

You're My Attachment Hikayelerin yaşadığı yer. Şimdi keşfedin