Part 38

2K 202 8
                                    

အပိုင်း ၃၈

ကျော်ကိုကိုတို့အိမ်ပြောင်းရသည်။ ယခုတိုက်ခန်းကို  အိမ်ရှင်ကအပြီးပြတ်ရောင်းပစ်ပြီး ပိုင်ရှင်အသစ်သည် သုံးလွှာလုံးကို ရုံးခန်းတစ်ခုဖွင့်မည်ဆိုသည်။

ယခုလိုပြောင်းရသည်ကလည်း တစ်ခုတော့ကောင်းသည်။ မဟုတ်လျှင် ကိုယ်ဝန်ကလရင့်လာလေ အတက်အဆင်းသတိထားရလေနှင့် အတော်လေးကသိပါသည်။ ဆိုင်ကိုပင်အရင်လိုမဖွင့်နိုင်တော့ပေ။ မနက်စာရှမ်းခေါက်ဆွဲမရောင်းနိုင်တော့ပဲ ထမင်းဆိုင်လေးသာ မိတ်မပျက်ဖွင့်ထားသည်။

တစ်လတစ်ခါ OG ပြရပြီး ကလေးအနေအထားကြည့်သည်အဆုံး စစ်မင်းထွေးနှင့်နွယ်စံနီတို့လိုက်ပို့ပေးသည်။ ဒီလမ်းထဲမှာတော့ အစ်ကိုနှင့်ကျွန်တော့်၏အကြောင်းကိုသိကြသူများပေမဲ့ ကျွန်တော်ကိုယ်ဝန်ရှိခြင်းကိုတော့ တစ်ချို့ကအံ့ဩကြသည်။ ရင်းနှီးသူလောက်သာရှင်းပြပြီး တခြားမလိုလားအပ်သည်ကိုမပြောပြပဲတိတ်ဆိတ်နေလိုက်သည်။

ပစ္စည်းများကို လူငါးယောက်ခေါ်ပြီးရွှေ့ပြောင်းရသည်။ အစကအဲ့လောက်ပစ္စည်းမများပေမဲ့ထမင်းဆိုင်ဖွင့်ပြီးနောက်ပိုင်း ပစ္စည်းတွေကဖြည့်ရင်းဖြည့်ရင်းအတော်လေးများလာခဲ့သည်။

အိုးခွက်ပန်းကန်မှစလို့ ရေခဲသေတ္တာအဆုံးအကုန်စုံစိနေရသည်။ ယခုအိမ်လေးသည် ဆိုင်နှင့်လည်းပိုနီးသလို တစ်ထပ်တိုက်လေးမို့ အဆင်ပြေသည်ဆိုရမည်။ နွယ်စံနီတို့အခန်းနှင့်လည်း ဘေးချင်းကပ်ရပ်မို့အဆင်ပြေလှသည်။

"ဒီရေခဲသေတ္တာကို ဘယ်မှာထားမလဲ "

"လောလောဆယ် မီးဖိုချောင်ဘက်ပဲခဏထားလိုက်အစ်ကို နောက်မှ ပစ္စည်းတွေ နေရာတကျထားရင်းထပ်ရွှေ့သင့်ရွှေ့လိုက်မယ်"

"ဟုတ်ပြီဟုတ်ပြီ"

ပစ္စည်းအားလုံးကို သူ့နေရာသူချနေတာ နေ့လယ်ခန့်မှပင် အိမ်ပြောင်းရွှေ့ခြင်းပြီးစီးသည်။ ဒါတောင် တစ်ချို့ပစ္စည်းတွေဆိုတာ အိမ်ရှေ့ခန်းမှာ ပုံထားရတုန်းပင် ။

အားလုံးပြန်သွားသည်နှင့် အိမ်တံခါးသော့ခတ်၍ ဆိုင်သို့ထွက်လာခဲ့သည်။ အဝေးကနေဆိုင်သို့လှမ်းကြည့်လိုက်စဥ် သူ့အားနောက်ကျောပေးပြီး ထမင်းစားနေသည့်လူတစ်ယောက်၊ဆံပင်မှာခပ်ရှည်ရှည်ကို အနောက်သို့စုစည်းထားသည်။

You're My Attachment Onde histórias criam vida. Descubra agora