-အပိုင်း ၂၆-
"ဟဲ့နင်သတင်းကြားလား"
"ဘာတုန်း"
"စွမ်စော်ဘက်မှာလေ ကောင်မလေးတစ်ယောက်အလုပ်ကပြန်လာတာကို ရိုက်လုတာတဲ့ ကောင်မလေးမသေရုံတမယ်ပဲတဲ့"
"ခေတ်ကြီးကဘာတွေဖြစ်နေမှန်းမသိပါဘူးဟယ်"
"မသိဆိုဆန်းတယ်ဟဲ့ရေ... အခု မိန်းကလေးတွေတင်မဟုတ်ဘူး ယောကျ်ားလေးတွေပါ လူကုန်ကူးခံနေရတယ်သိလား"
"ယောကျ်ားတွေတောင် မလုံခြုံတဲ့ဘဝပါလားအေ"
စာရေးမနှစ်ဦးသည် အလုပ်နားချိန်လေးမှာစကားစပ်မိရင်း ပြောဆိုနေခြင်းဖြစ်သည်။
B-Jayyက စာရင်းများကိုစစ်ရင်းနားထောင်နေလေသည်။ ဘာရယ်မဟုတ် ယောကျာ်းလေးများလူကုန်ကူးခံရသည်ဟုကြားလိုက်ရတော့ ဆံပင်ကုတ်ထောက်နှင့်တစ်စုံတစ်ယောက်ကိုသွားသတိရမိသွားသည်။
သတိရဆို ဒီနေ့သူအလုပ်နားသည်မဟုတ်လား။မနေ့ကမနက်ပိုင်း အဝတ်လျှော်တာအချိန်ကြာပြီး နှာဆေးနေလေသည်။ကိုယ်လည်းခပ်နွေးနွေးရှိသဖြင့် သူနားခိုင်းထားခြင်းဖြစ်သည်။
လက်ကနာရီကိုကြည့်တော့ အချိန်သည် ည၇နာရီပင်ရှိလေပြီ။ ထမင်းလာမပို့ဖို့တော့မှာထားသည်။ ပြောစကားဆိုတစ်ခါနှင့်နားမထောင်တတ်သော ထိုကောင်လေးသည်သူ့အတွေးမဆုံးခင်မှာပင် ထမင်းခြင်းလေးကိုဆွဲလို့ ဂိမ်းဆိုင်ထဲဝင်လာလေသည်။
"အလိမ်မာအိမ်ပါလေးလာပါပြီ"
စာရင်းမတစ်ယောက်က အနောက်ကနေ လှမ်းစလေသည်။
"နေမကောင်းလို့ အိမ်မှာနေခိုင်းတာကို
စကားနားမထောင်ပဲလိုက်လာတာ "B Jayyက ပြန်ပြောလိုက်လေသည်။
"ထမင်းလာပို့တာ"
"စားစေချင်တာကိုသိပေမဲ့ မင်းမှနေမကောင်းတာကိုကွာ"
"ကိုယ်လေးနွေးတာပဲရှိတာပါအစ်ကိုရ"
"အင်းပါ မင်းသက်သာရင်ပြီးရော"
ထမင်းချိုင့်လေးကိုဖွင့်ကြည့်လျှင် ထမင်းဆီစမ်းပြီး ကြက်ကိုပေါင်လုံးလိုက်ကြော်ထားသည်။ ချဥ်ပေါင်နှင့်မျှစ်ကြော်ကိုငါးပိနှင့်ကြော်ထားတာရယ်။ ညစာကအတော်လေးထမင်းမြိန်စေသည်။