-အပိုင်း၂၉-
သူတို့ဖြစ်ပျက်သမျှအခြေအနေအားလုံးကို ကျော်ကိုကိုက အေးချမ်းစေကိုရှင်းပြလိုက်သည်။
"ဒါဆိုဘယ်လိုလုပ်မလဲအစ်ကို"
"အခြေအနေကြည့်ရမှာပဲ ညီလေး
ကိုယ်ကတော့ လစ်တာနဲ့ထွက်ပြေးမှာပဲ""ကျွန်တော့်ကိုရောခေါ်နော်"
"ခေါ်ရမှာပေါ့ကွ"
ထိုအခိုက် သူတို့စီးလာေသာကားသည်ရပ်သွားပြီး သိပ်မကြာလိုက် ကားတံခါးပွင့်လာသည်။ ထို့နောက် သူတို့အားလုံးကိုကားပေါ်ကဆင်းခိုင်းပြီး အိမ်တစ်လုံးထဲသို့ သူတို့ကိုခေါ်လာခဲ့သည်။
ကျော်ကိုကိုနှင့်အေးချမ်းစေက ပတ်ဝန်းကျင်တစ်ခုလုံးကို မျက်ခြေမပျက်စေရအောင်စောင့်ကြည့်နေပြီး တစ်ယောက်နှင့်တစ်ယောက်သည်လုံးဝမခွာကြပေ။
"မင်းတို့အားလုံးဒီမှာကို မနက်ဖြန်ကစပြီးတော့ မင်းတို့ကိုလူလာရွေးလိမ့်မယ် ။ မင်းတို့မကြိုက်ရင်ငြင်းခွင့်ရှိတယ်။ သေချာတာကတော့ မင်းတို့အဲ့ထဲကတစ်ယောက်နောက်လိုက်ရမှာပါပဲ"
ရဲခိုင်က ပြောပြီး ကျော်ကိုကို့ကိုလှည့်ကြည့်သည်။ထို့နောက် မထိမဲ့မြင်ဟန်ဖြင့်တစ်ချက်ပြုံးကာ ထွက်သွားလေသည်။
"အစ်ကိုဘယ်လိုလုပ်ကြမလဲဟင်"
အေးချမ်းစေက ကျော်ကိုကို၏အနားသို့ကပ်၍မေးခြင်းဖြစ်သည်။
"ငါတို့မှ ငြင်းခွင့်ရှိသေးတယ်။ ဒါငါတို့အချိန်စွဲလို့ရတယ်ဆိုတဲ့ အခွင့်အရေးပဲ ။ မနက်ဖြန်တော့စောင့်ကြည့်ရအောင်လေ"
"ဟုတ် အစ်ကို"
နှစ်ယောက်စလုံးမှာအတွေးကိုယ်စီဖြင့်နံရံကို ကျောမှီရင်း ထိုင်နေကြသည်။ သက်ပြင်းမောကိုချမိကြသည်မှာ ဘယ်နှခါမှန်းမသိတော့ပေ။
အခန်းအပြင်ကိုပြတင်းတံခါးမှတစ်ဆင့်လှမ်းကြည့်လိုက်သည်။ ကျယ်ပြောသော မြစ်ပြင်ကလွဲ၍ မရှိ။ တစ်ချက်တစ်ချက် ကြားလိုက်ရသော သင်္ဘောစက်သံကြီးသည် သူတို့ကိုပို၍ ဝမ်းနည်းစေသည်။
အားတင်းထားရမည်....
မနက်ဖြန်....မနက်ဖြန် ဆိုတာရှိနေသေးသည်
အစ်ကို့အတွက်သူအားတင်းထားရဦးမည်။
.
.
.