🖤Part 6🖤

3.6K 228 8
                                    

-အပိုင်း၆-

မှန်တင်ခုံရှေ့ ကျော်ကိုကိုသိပ်လှချင်ဖြစ်နေသည်။ ရေချိုးပြီး၍ ပြောင်ရှင်းနေသောမျက်နှာကို မှန်ထဲမှတစ်ဆင့်ကြည့်သည်။ Dryer ဖြင့် ဆံပင်ကိုအခြောက်ခံပြီး ​နဖူးထိကျနေသောဆံပင်များကို အနောက်သို့လှန်သိမ်းလိုက်သည်။
ဝက်ခြံမထွက်တတ်သည့်အသားအရည်မို့ နို့ရည်လေးလိမ်းလိုက်ပြီး cream လေးတစ်ခုထပ်လိမ်းသည်။ အသားဖြူသူမို့ မျက်နှာပေါ် မိတ်ကပ်သားပြာတက်သွားတာမရှိ၊ညက်ညက်လေးနှင့်လှသည်။
ဆံပင်ကိုလည်း ရေမခြောက်တစ်ခြောက်ဖြစ်နေတုန်းမှာ အဆီတစ်ခုဖြင့်လိမ်းကာ Dryer ဖြင့်ထပ်အခြောက်ခံလိုက်သည်။

ဘုရားသွားမည်မို့ အဖြူရောင်စတစ်ကော်လံလေးနှင့်ပုဆိုးကို မွန်ပုဆိုးလေးရွေးထားသည်။ သုံးနေကြ ရေမွှေးလေးကို လည်ကုတ်ကိုတစ်ချက်၊လက်ကောက်ဝတ်ကိုတစ်ချက်စွတ်ပြီး သူ့ပြင်ဆင်မှုကပြီးဆုံးလေပြီ။

tote bag အနက်ရောင်လေးကို ယူပြိီး ထိုအိတ်ထဲမှာ ဖုန်းရယ်၊ wallet လေးရယ်ထည့်ထားသည်။

"ဒေါက်...ဒေါက်...ဒေါက်"

တံခါးခေါက်သံကြောင့် တံခါးကိုသွားဖွင့်ပေးလိုက်ချိန် ကျော်ကိုကိုအံ့ဩမင်တက်သွားမိသည်။
သူတွေ့နေကြ ဂျစ်တူးပုံစံလေးနှင့်ကွဲလွဲစွာ အစ်ကိုက ထိုနေ့မှာတစ်ခြားတစ်ယောက်နှင့်တူနေသည်။

လိမ်ကောက်ကောက်ရှည်လျားသောဆံပင်များကို စုစည်း၍ချည်ထားပြီး ကော်လံအဖြူလက်ရှည်ကို လက်တံတောင်အထိခေါက်တင်ထားသည်။ ဘယ်ဘက်လက်တံတောင်ပေါ်မှာ ထိုးထားသည့် အကွက်စိပ်စိပ်တက်တူးလေးများက ဝါဝါဝင်းဝင်းအသားမှာထင်းခနဲ။

"သွားမယ်လေ"

"ဟုတ်ကဲ့"

ကြောင်ငေးကြည့်နေမိတာ အစ်ကိုဘက်ကစတင်ပြောလာကာမှ အသိဝင်ရသည်။အစ်ကို့နောက်မှလိုက်လာပြီး လူကပြုံးရွှင်၍ ရင်ထဲမှာလှိုက်ဖိုနေတာ...လိပ်ပြာလေးတွေ ယှက်ဝဲနေသလားပင် ထင်မိရသည်။

မြို့ရှောင်လမ်းမှနေ၍ စက်မှုဘက်သို့ချိုးကွေးလိုက်သည်။ သူသွားသည်က မိဘမဲ့ကျောင်းတစ်ခုဖြစ်နေသည်။ ဒီကျောင်းကိုကျော်ကိုကိုတစ်ခါရောက်ဖူးပါသည်။ နွယ့်မွေးနေ့တုန်းကတစ်ခါ။ ယခု ဒုတိယအကြိမ်မြောက်ပင်။

You're My Attachment Where stories live. Discover now