Part 28

2.5K 217 7
                                    

-အပိုင်း၂၈-

လမ်းထိပ်သို့ရောက်လာသည့်တိုင် ပေါင်ပေ့၏အရိပ်အယောင်မျှပင်မတွေ့ရချေ။
အယူသီးတတ်သည့်သူမဟုတ်သည့်တိုင် သူဘယ်မျက်ခုံးများတစ်နေကုန်လှုပ်နေတာကိုသွားသတိထားမိတော့ စိုးရိမ်စိတ်သည်ငယ်ထိပ်အထိတက်ရိုက်သည်။

ကားပေါ်ကဆင်းကြည့်သည်။ ဓာတ်တိုင်အောက်တွင်ပြန့်ကျဲနေသော ထမင်းချိုင့်သည် သူကိုယ်တိုင်အလုပ်မဆင်းခင်တစ်ရက်အလိုကပင် ညဈေးကသွားဝယ်ပေးထားသည့် ချိုင့်မဟုတ်လား။

စိတ်ပူစွာဖြင့် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ယူ၍ဖုန်းဆက်လိုက်သည်။
ဖုန်း ringtone သံသည် တစ်နေရာမှထွက်ပေါ်လာသည်။

ဖုန်းကိုအမြန်ပြေးကောက်လိုက်ပြီး ကြည့်လိုက်စဥ် ဖုန်းသည်မှန်ထိ၍ screen အလုပ်အလုပ်တော့ပေ။သို့သော် ဖုန်းဝင်သည်ကိုတော့ လက်ခံနေသေးသည်။

စိတ်ပူစွာဖြင့်ကားပေါ် အမြန်ပြေးတက်သည်။ သူလာရာလမ်းတစ်လျှောက်မဟုတ်လျှင် တရုတ်ပြည်အဝင်အထွက်ပေါက်ဘက်ကိုပဲ သူတို့ဦးတည်နိုင်မည်မဟုတ်လား။

စိုးရိမ်စိတ်ဖြင့်ကားကို လီဗာအသားကုန်နင်း၍ မောင်းနှင်လာခဲ့သည်။ ညနေအလုပ်ဆင်းချိိန်မို့ ဆိုင်ကယ်များနှင့် ရှုတ်ယှက်ခတ်နေသည်။ အလယ်ပေါက်ရောက်သည့်အခါကားကို လမ်းဘေးထိုးရပ်၍ လူကဆင်းလိုက်သည်။

ပတ်ဝန်းကျင်တွင်သူ့ပေါင်ပေ့ကို တွေ့လို့တွေ့ငြား သူရှာကြည့်သည်။ ညနေစောင်းမို့ ကားသံ၊ဆိုင်ကယ်သံများမှာ ဆူညံနေသော်လည်း သူ့ရင်ထဲရှိ သောကဆူညံသံကိုမှီမည်မထင်။

ရုတ်တရပ် အရပ်ရှည်ရှည်၊အသားညိိုညိုနှင့် အပြာရောင်ပိုလိုရှပ်အင်္ကျီနှင့်ကောင်လေးတစ်ယောက် လမ်းတစ်ဖက်တွင်ဖြတ်လျှောက်သွားသည်ကို သူရိပ်ခနဲမြင်လိုက်ရသည်။

"ပေါင်ပေ့"

ကားလမ်းမတစ်ဖက်ခြမ်းသို့ဘာမှကိုမကြည့်ပဲ ဖြတ်ကူးလိုက်သည်။

"တီ...."

"သေတော့မှာပဲ"

ဆိုင်ကယ်ပေါ်မှလူတစ်ယောက်ကသူ့ကိုလှမ်းအော်ဆဲရင်းဆက်မောင်းသွားသည်။ သူလည်းဂရုမမူပဲ ကားလမ်းတစ်ဖက်ခြမ်းသို့ ရောက်အောင်ကူးသွားသည်။

You're My Attachment Where stories live. Discover now