အပိုင်း ၃၆
'နှုတ်မဆက်ပဲခွဲခွာရခြင်းတွေကို အသားမကျသေးလို့ထင်ပါရဲ့...
နှလုံးသားကနည်းနည်းတော့နာတယ်....။
ပြန်လာမယ်ဆိုတော့လည်း မျှော်ရတာပဲ
အစ်ကိုဟာ ဘယ်တုန်းက ကတိမတည်သူဖြစ်ခဲ့လို့လဲ'ဆီပူအိုးထဲ တို့ဟူးအနှစ်များကို ထည့်ကြော်လိုက်သည်။ မနက်စာရှမ်းခေါက်ဆွဲအတွက် တို့ဟူးကြော်လေးကြော်ရသည်။ တစ်ခုငါးဆယ်နှင့် တစ်နေ့ကို အခုရေ၁၀၀ ကျော်တော့ကောင်းကောင်းရောင်းရသည်။
တအောင့်အကြာ အိမ်ရှေ့က တံခါးခေါက်သံကြောင့် ဒေါ်စိုးရောက်ပြီမှာသေချာသည်။
"ဆိုင်ထွက်ဖို့ပြင်တော့မလား ကျော်ကိုကို"
"ဟုတ် ဒေါ်စိုး ပစ္စည်းတွေအဲ့မှာအဆင်သင့်လုပ်ထားတယ်။ နိုင်သလောက်ယူသွားလိုက်နော်
ကျွန်တော် နောက်ကလိုက်ခဲ့မယ်""သားယောကျ်ားရော မနိုးသေးဘူးလား"
လှမ်းလက်စခြေလမ်းများတုန့်ခနဲရပ်ကြသွားသည်။ အင်းလေ...ေဒါ်စိုးက အစ်ကိုထွက်သွားတာသိမှမသိတာ။
"သူခရီးထွက်သွားတယ် "
"ေဩာ်"
ဒေါ်စိုးသည် အခြေအနေတစ်ရပ်ရပ်ကိုနားလည်၍လား၊ သို့မဟုတ် ဆက်ပြောစရာမရှိ၍လည်းမသိ ။ နောက်ထပ်ဘာစကားမှထပ်ထွက်မလာတော့ပေ။
.
.
.ခြေချနေကြ ဒီလမ်းကို အစ်ကိုမပါပဲလျှောက်ရမှာ ကျွန်တော်ကြောက်သည်။ သတိရစိတ်ကိုဘယ်လိုနည်းနဲ့ဖြေရမလဲအစ်ကို ။
ပိုချစ်တဲ့သူ ကျွန်တော်ဖြစ်ခဲ့လေတော့
ပိုလွမ်းရသူမှာ ကျွန်တော်ပဲဖြစ်ခဲ့ပါသည်။တစ်စုံတစ်ယောက်က အစ်ကိုဘယ်ကိုသွားသလဲဟုမေးလျှင် 'ခရီး'ဆိုတဲ့စကားထပ် ပိုတိကျတဲ့အဖြေမျိုးပေးဖို့ ကျွန်တော့်မှာမစွမ်းသာပေ။
ဘယ်အချိန်ပြန်လာမလဲမသိပေသည့်တိုင်
အစ်ကိုပြန်လာမည်ဆိုသည့်စိတ်ဖြင့် မနက်ဖြန်တွေကိုကျွန်တော်ကောင်းကောင်းကြိုးစားဖြတ်သန်းရမည်။"ရေစိမ်သုပ်တစ်ပွဲပါဆယ် "
ဘေးနားကနေ ဒေါ်စိုးက ဝင်ကူသည်။ ခေါက်ဆွဲသုပ်အတွက် အရသာအစပ်အဟက်ကို ဘယ်လောက်ပြောပြပြ ဒေါ်စိုးလက်ရာနှင့်ကျော်ကိုကို့လက်ရာမှာကွာမြဲကွာသည်။