Part 2

4.4K 278 8
                                    

အပိုင်း (၂)

နေ့လယ် ၁၂နာရီကျော်လေပြီ။ လောဘရမ္မက်အတောမသတ်နိုင်သော လောင်းကစားသမားတို့မှာတော့ အိမ်မေ့ရာမေ့နှင့်ထိုဂိမ်းဆိုင်မှာပဲအချိန်ကုန်ငွေရင်းကာနေကြလေရင်း ဗိုက်ဆာချိန်ဆို ဈေးသည်ရှိရာဆီကသာဝယ်စားလေသည်။ ပါဆယ်ထုတ်သွားသောလူများလည်းရှိသလို၊ဆိုင်မှာလာစားသည့်လူများလည်းရှိသည်မို့ ဆိုင်စားသမားများ၏ စားပြီးသည့်ပန်းကန်များကို ကျော်ကိုကိုဆေးနေရလေသည်။

"ကျော်ကိုကိုရေ ငါမနက်ဖြန်အတွက် ဈေးသွားလိုက်ဦးမယ်။ ဆိုင်ကိုလည်းသေချာဂရုစိုက်ဦးကြားလား၊အပြင်တွေလည်းလျှောက်သွားမနေနဲ့နော်"

"ဟုတ်ကဲ့ပါဒေါ်လေး...ကိုကိုဘယ်မှမသွားပါဘူး"

ကျော်ကိုကိုက ပန်းကန်တွေဆေးရင်းဒေါ်လေးကိုပြန်ဖြေလိုက်သည်။ ဒေါ်လေးသည်လည်း သူ့ဘက်ထရီဘီးလေးနှင့် ဈေးသို့ထွက်သွားလေပြီ။

"ကျော်ကိုကို နင့်ဒေါ်လေးဘယ်သွားလဲ"

တစ်မနက်ခင်းလုံးဘယ်သွားမှန်းမသိပဲ နေ့လယ်ထမင်းစားချိန်ကျော်ကာမှ ပေါ်လာသည့် ဒေါ်လေး၏ယောကျ်ား ဦးအောင်နိုင်။

"ဒေါ်လေးကဈေးသွားတယ် လေးလေး၊
လေးလေးထမင်းစားတော့မလား ကိုကို ပြင်လိုက်မယ်လေ"

"နေပါစေတော့ မင့်ဒေါ်လေး ပိုက်ဆံထားခဲ့သေးလားကွ"

"အဲ့ခြင်းထဲမှာတော့ အမ်းငွေထားခဲ့တယ်"

ကျော်ကိုကိုကမဝံ့မရဲဖြေလိုက်သည်။ မရှိဘူးဟုညာလျှင်လည်း အဆဲအဆိုကခံရဦးမည်။ရှိတာသိလို့ယူသွားလျှင်လည်း ဒေါ်လေးက ပြန်လာမည် ကျော်ကိုကို့ကိုပဲဆူမည်...ခက်သည်..တကယ့်ကိုခက်သည်၊ဘေးကြပ်နံကြပ်အခြေအနေပါပင်။

"၆၊၇၊၈....
တစ်ထောင်တန်က ရှစ်ရွက်တည်းလား၊တစ်မနက်လုံးရောင်းရတာ ဒါအကုန်ပဲလားဟ"

"မဟုတ်ဘူးလေးလေး၊ဒေါ်လေးက ဈေးထဲသွားတာ အဲတာပိုက်ဆံအကုန်ယူသွားတာ"

"ကျစ်"

ဦးအောင်နိုင်က စိတ်ရှုတ်သလို စုတ်တစ်ချက်သပ်ကာ သူ့ခေါင်းကိုလည်းတဗျင်းဗျင်းနှင့်ကုတ်သည်။ ထို့နောက် ထိုတစ်ထောင်တန်ရှစ်ရွက်လေးကို သူ့အိတ်ကပ်ထဲထည့်ပြီး အရက်ပုလင်းတွေထောင်ထားသည့်အထဲကမှ ဂရန်းအပြာရောင်တစ်စိပ်ပုလင်းလေးကိုယူ၍သွားလေသည်။ ကျော်ကိုကိုက တားခြင်း၊ပြုခြင်းမရှိပေမဲ့ ဦးအောင်နိုင်လုပ်သမျှကိုအကုန်လိုက်ကြည့်နေသည်။ ဘာပဲဖြစ်ဖြစ်ဒေါ်လေးလာလာလျှင်တော့ပြန်ပြောရမည်။ ဦးအောင်နိုင်ရှေ့ပြောလျှင်မကောင်းပေ၊ ဒေါ်လေးကသွေးသားပေမဲ့ သူကသူစိမ်း၊ ဒေါ်လေးကကြည်ဖြူပေမဲ​့ထိုသူစိမ်းကကြည်ဖြူမှဖြစ်မှာ၊ဒါကိုလည်းဒေါ်လေးက ကျော်ကိုကို့ကိုငယ်ငယ်ကတည်းကနားဝင်အောင်ပြောပြသည်။ အရက်ပုလင်းဆွဲပြီး ဂိမ်းဆိုင်ထဲပြန်ဝင်သွားသော ​ဦးအောင်နိုင်ကိုကြည့်၍ သက်ပြင်းချရင်း....ကျော်ကိုကို ဒေါ်လေးအတွက် ရင်လေးမိသည်။
.
.
.
.
အခန်းယူပြီးသည်နှင့်တစ်ချိုးတည်းတန်းအိပ်တာ ယခုမှနိုးသည်။ ဘေးနားကဖုန်းကို ကြည့်တော့ အချိန်က နေ့လယ် ၁နာရီ။
ဗိုက်လည်းအနည်းငယ်ဆာသဖြင့် မျက်နှာသစ်၊သွားတိုက်ပြီးအဝတ်အစားပင်မလဲပဲ အောက်ထပ်သို့ဆင်းလာခဲ့သည်။

You're My Attachment Where stories live. Discover now