Chapter 12 (12,13)

Start from the beginning
                                    

သူ မိုးသစ်တောအကြောင်း ပြောလိုက်မှ ကုယွင်က မိုးသစ်တောထဲတွင် လက်ရွေးစင် စစ်သည်ငါးထောင်ရှိနေသည်ကို ရုတ်တရက် ပြန်သတိရမိသည်။

ဟင့်အင်း...မဟုတ်သေးဘူး... ဒီနေ့ ငါ အရမ်းစိတ်ရှုပ်သွားမိတယ်။ စိတ်မကောင်ပါဘူး... ဒီနေ့ ငါ့ဦးနှောက်က အလုပ်မလုပ်တော့ဘူး!!! (T/N: ငါ့ခင်ပွန်းကို စိတ်ပူလို့ ငါ့ဦးနှောက်က အလုပ်မလုပ်တော့ဘူး)

"စုရန်၊ ရှင် ဒီတခေါက် စစ်တပ်သမားတော် ဘယ်နှစ်ယောက် ခေါ်လာတာလဲ?"

စုရန်က အံ့ဩသွားပြီး သူမ ဘာကြောင့် ဒီလိုမေးမှန်းမသိပေမယ့် ပြန်ဖြေလိုက်သေးသည်။ "ရှစ်ယောက်၊ ဘာဖြစ်လို့လဲ?"

ကုယွင်က စိတ်ထင့်စရာကောင်းလောက်အောင် ပြုံးပြနေပြီး "နှစ်ယောက်လောက် ပေးလို့ရမလား?"

ခဏလောက်စဉ်းစားပြီးနောက် စုရန်က ခေါင်းညိတ်ပြလိုက်ပြီး "အင်း၊ ရတယ်၊ ဘာဖြစ်လို့လဲ"

ဒီနေ့ ကျီးပါးစပ်တောင်ကြားတိုက်ပွဲက အသေအပျောက်က မကြီးမားဘဲ အခြေခံအားဖြင့် အားလုံးက အဆင်ပြေနေကြသည်။ သူမက စစ်တပ်သမားတော် နှစ်ယောက်ကို ဘာလုပ်ဖို့ တောင်းနေရတာလဲ???

အခန်း ၁၂ သူရဲကောင်းက အလှလေးကို ကယ်တင်(အပိုင်း ၁၃)

ကုယွင်က သူ့၏သံသယစိတ်များ မကြာစေရန် အလျင်အမြန် ပြန်ဖြေလိုက်သည်။ "ရှင်တို့ရဲ့ လက်ရွေးစင် စစ်သည်ငါးထောင်ကို ဒီနေ့ တောထဲမှာ စွန့်စားခိုင်းထားတယ်။ သူတို့ထဲက အနည်းဆုံး သုံးပုံတစ်ပုံက စစ်တပ်သမားတော်တွေကို လိုအပ်လိမ့်မယ်လို့ ကျွန်မ ခန့်မှန်းမိတယ်"

ဒီတချိန်တွင် သူမ သူတို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် မိုးသစ်တောထဲသို့ ဝင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ပုံမှန်ဆိုလျှင် ပျိုးပင်များ ကြီးထွားလာစေဖို့ စိတ်ရှည်လက်ရှည် အချိန်ယူပြီး ပျိုးထောင်သင့်သော်လည်း အချိန်က လေးရက်သာကျန်တော့တာကြောင့် သူမမှာ တခြားရွေးချယ်စရာမရှိတော့ပါဘူး။ ကုယွင်က အချိန်ကို ရေတွက်ရင်း သက်ပြင်းချကာ "အခု သန်းခေါင်ကျော်နေပြီ၊ ကျွန်မ သူတို့ကို သွားကြည့်ရမယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now