Chapter 12 (12,13)

Start from the beginning
                                    

သွေးစွန်းနေသော ကျောပြင်ကို ကြည့်နေရင်း ကုယွင်၏ နှလုံးသားက ဘာကြောင့်မှန်းမသိ တုန်လှုပ်သွားခဲ့သည်။

****

ကောင်းကင်က လုံးဝ မည်းမှောင်နေတာကြောင့် စခန်းထဲမှာ မီးတွေထွန်းထားပြီး ပင်မတဲစခန်း၏အပြင်ဘက်တွင် လူနှစ်ယောက်... အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြသည်။ အချိန်ကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်က ပို ပိုပြီး စိတ်မသက်မသာဖြစ်နေပုံပေါ်လာကြသည်။

စုရန်က ကုယွင်၏ ညှိုးငယ်နေသော မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး သူမကို နှစ်သိမ့်ပေးလိုက်သည်။ "မရီး၊ အရမ်းလည်း စိတ်ပူမနေပါနဲ့၊ ငါ့တို့တာ့ကောက ကျန်းမာရေးကောင်းတော့ ဒဏ်ရာက မြန်မြန် သက်သာသွားမှာပါ "

သူ့ပါးစပ်က ထိုကဲ့သို့ ပြောသော်လည်း သူကိုယ်တိုင်ကတော့ စိတ်ထဲမှာ ယောက်ယက်ခက်နေအောင် ပူလောင်နေခဲ့သည်။ တစ်ရှီးချန်ကျော်နေပြီ၊ သွေးပြည့်နေတဲ့ အိုးတွေကို သွန်နေတာကလွဲပြီး ဘာသတင်းမှ မကြားရဘူး။ အဲ့တော့ သူတို့ ဘယ်လိုမှ စိတ်မပူဘဲ မနေနိုင်ဘူး။

အခုအချိန်မှာ ကုယွင်က သူနဲ့ စကားပြောဖို့ စိတ်မဝင်စားသလို သူမနေရာကို ပြင်ဖို့လည်း စိတ်မ၀င်စားဘူး။ သူမက တဲအတွင်းမှာ ရှိနေတဲ့အမျိုးသားရဲ့လုံခြုံရေးကို စိတ်ပူနေပြီး ရန်သူတွေက ဒီအခြေအနေကို အခွင့်ကောင်းယူနိုင်တာကို တွေးမိတာကြောင့် အဲ့အတွက်လည်း သူမ စိတ်ပူနေခဲ့သည်။ ကုယွင်က အသံတိုးတိုးဖြင့် "စခန်းရဲ့ခံစစ်ကို ပိုအားကောင်းအောင် ထိန်းထားရမယ်။ စခန်းတစ်ဝိုက်မှာ အစောင့်တွေ ထပ်တိုးထားလိုက်။ စုလင်း ဒဏ်ရာရနေတာကို သူတို့ သိသွားမှာကို ကျွန်မ စိုးရိမ်တယ်၊ အဲ့တာဆိုရင် သူတို့က ဒီရုန်းရင်းဆန်ခတ်အခြေအနေကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လာနိုင်တယ်"

"စိတ်မပူပါနဲ့၊ ငါ စီစဉ်ထားပြီးသားပါ။ တကယ်လို့ သူတို့ လာတိုက်ခိုက်ရင်တောင် မိုးသစ်တောထဲမှာထက်စာရင် ဒီမှာတိုက်ခိုက်တာက ငါတို့စစ်တပ်အတွက် ပိုကောင်းနိုင်သေးတယ်" သူက စခန်းမှာ စောင့်ကျန်နေခဲ့ရတာကြောင့် ထိုအရာများကို စနစ်တကျ စီစဉ်ထားနိုင်ခဲ့သည်။ အခုအချိန်မှာတော့ သူ့ရဲ့အကြီးဆုံးအစ်ကို ပြန်ကျန်းမာလာဖို့ပဲ သူ မျှော်လင့်တယ်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now