စုရန်က ရယ်မောလိုက်ပြီး " မင်း ငါနဲ့ စကားပြောဖို့ စောစောထတာတော့ မဟုတ်ဘူးမလား "

"ဟုတ်​တယ်" မူရိရဲ့အဖြေက စုရန်ကို ခဏ​လောက် ​ထိတ်​လန့်​သွားစေတယ်။

တကယ်​လား?

မူရိက ရှားရှားပါးပါး တည်ငြိမ်သောအမူအရာဖြင့် စုရန်ကို ကြည့်နေပြီး "ငါ သိချင်နေတာ တစ်ခု ရှိတယ်၊ ချင်းမော့က ဘယ်သူလဲ၊ သူ(မ)ရဲ့ အဆင့်အတန်းက ဘာလဲ၊ သူ(မ)က ဘာကြောင့် စုမိသားစုကို ရောက်နေတာလဲ?? ဒါပေမယ့် သူ(မ)မှာ ဘာရည်ရွယ်ချက်တွေပဲ ရှိရှိ ပင်းလျန့်က သူ့(မ)ကို ရွေးထားသရွေ့ သူ(မ)က စုမိသားစုရဲ့အကြီးဆုံးချွေးမ ဖြစ်လာလိမ့်မယ်။ ငါပြောတာ ဟုတ်တယ်မလား??"

စုရန်က သူ့ကို ခဏလောက် ကြည့်နေပြီးမှ ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်"

မူရိက မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။ စုရန်က တစ်ခုခုမှားနေပြီဟု ခံစားမိတာကြောင့် သူ့ကို ပြန်မေးလိုက်သည်။ "ချင်းမော့ရဲ့ဘဝအတွေ့အကြုံနဲ့ပတ်သက်ပြီး အချက်အလက် တစ်စုံတစ်ရာ ရှိလို့လား"

"မရှိသေးဘူး" သူရဲ့ထုံးစံအတိုင်း မာနကြီးတဲ့အမူအယာက ပြန်ရောက်လာပြီး မူရိက ပခုံးတွန့်ပြကာ "မနက်စောစော ငါမှာ ဘာမှလုပ်စရာ မရှိလို့ လျောက်ပြောနေတာပါ၊ သိပ်ပြီး စိတ်ပူမနေပါနဲ့"

မူရိက စုရန်၏မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ လှည့်ထွက်လိုက်ပေမယ့် သူ့မျက်နှာပေါ်မှ အပြုံးက ချက်ချင်းပျောက်ကွယ်သွားသည်။ သူ လင်းအတွက် တကယ်ကို စိတ်ပူနေမိတယ်။ သူ ချင်းမော့ရဲ့ ဘဝအတွေ့အကြုံကို မစစ်ဆေးရသေးပေမယ့် ဒီမိန်းမက တစ်ခုခု လွဲချော်နေတာတော့ သေချာတယ်။

အခန်း ၁၂ သူရဲကောင်းက အလှလေးကို ကယ်တင်(အပိုင်း ၃)

ကျီးပါးစပ်တောင်ကြားတွင်....

ချိုင့်ဝှမ်းအတွင်းမှ နေရောင်ခြည်က မှိန်ဖျော့လွန်းနေသည်။ တိမ်မည်းများက နဂါးငွေ့တန်းများကဲ့သို့ အလွှာလိုက် အလွှာလိုက်ရောက်ရှိလာပြီး ချိုင့်ဝှမ်းတစ်လျောက် ရွေ့လျားနေသောကြောင့် အလွန်အန္တရာယ်ရှိမှန်း သိသာနေသည်။ ချောက်၏တစ်ဘက်တစ်ချက်စီတွင် လူအုပ်စုနှစ်စုက မျက်နှာချင်းဆိုင် ရပ်နေကြပြီး တစ်ဖက်က စစ်တပ်ဝတ်စုံဝတ်ထားသော စုမိသားစုစစ်တပ်မှ စစ်သည်များဖြစ်ပြီး နောက်တစ်ဖက်က အရပ်ဝတ်ဝတ်ထားသော သူပုန်များ ဖြစ်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now