အပိုင်း (၂၂) ဇာတ်သိမ်းပိုင်း

4.6K 63 2
                                    

ဖေဖေ့ရက်လည်အခမ်းအနားပြီးသွားတော့ ယွန်း သားနဲ့သူ့ဒယ်ဒီကို ခေါ်ကာ မွေးရပ်မြေမှ ပြန်လာခဲ့သည်။ မေမေ့ကို ရန်ကုန်တွင် လိုက်နေရန် ခေါ်ပေမဲ့ မလိုက်ချင်၊ ဖေဖေ ခေါင်းချသွားသည့်နေရာတွင်သာ နေချင်သည်ဟု ဆိုကာ နေခဲ့လေသည်။ အခုချိန်မှာ မေမေလည်း ဝမ်းနည်း‌ပူဆွေးနေဆဲ အချိန်မို့ ယွန်းလည်း အတင်းအကြပ် မခေါ်လိုတော့ပါ။ မေမေ စိတ်ပျော်ရာမှာသာ နေပါစေဟု တွေးကာ မေမေ့သဘောကို လက်ခံခဲ့သည်။

"လွှာ မောင့်မာမီနဲ့ သွားတွေ့ရအောင်နော်"
"အင်းပါ ဒီတပတ် ပိတ်ရက် သွားကြမယ်နော်"

ယွန်းကိုယ်တိုင်လည်း မိဘကို ချစ်တဲ့သူမို့ ခန့်ဝေယံကို စာနာပါသည်။ သူ့မိဘကို ယွန်းအနေနဲ့ ကြည်ကြည်ဖြူဖြူ ဆက်ဆံတာကိုပဲ သူလည်း လိုချင်ရှာမည် ဆိုတာ ယွန်း နားလည်ပါသည်။ ထို့ကြောင့်ပင် ယွန်းဘက်က စတင်၍ မာနတွေကို လျှော့ကာ သူ့မာမီကို လိုက်တွေ့ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

"မာမီ ဒါ သားရဲ့ သားလေး မြတ်ဘုန်းခန့်တဲ့ သား ဒါ သားရဲ့ဖွားဖွားလေ ဖွားဆီ သွားလိုက်ပါဦး သားရယ်"

သားက ယွန်းမျက်နှာကိုပဲ ကြည့်ကာ သူ့အဖွားဆီ သွားရန် တွန့်ဆုတ်နေသည်။ ဒေါ်သီရိခန့်ကတော့ သားဖြစ်သူနဲ့ ချွတ်စွပ်တူလွန်းသည့် မြေးကို ကြည့်ကာ ပြုံးပြပီး သူ့ဆီလာရန် ခေါင်းညိတ်ပြနေသည်။ ယွန်းက သားကို သွားချင်ရင် သွားနိုင်ကြောင်း မျက်ရိပ်ပြလိုက်မှ သားက ဒေါ်သီရိခန့်ဆီ ပြေးသွားလေသည်။ ချက်အထိ ရှည်သော ရွှေဆွဲကြိုးကြီးကို စိန်လော့ကတ်သီးတန်းလန်းနဲ့ ဝတ်ဆင်ထားသော ဒေါ်သီရိခန့်က မြေးဖြစ်သူကို ထွေးပွေ့ကာ ချစ်မဝ နမ်းမဝပေ။ ဘေးနားမှာ ထိုင်နေသော ခန့်ဝေယံရဲ့ အစ်မဖြစ်သူ ရတနာသန့်ကလည်း အခုထိ ကလေးမရသေးသူမို့ တူလေးဖြစ်သူကို ချစ်မြတ်နိုးသည့် မျက်ဝန်းလေးတွေနဲ့ ကြည့်နေရှာသည်။

"ကျေးဇူးတင်ပါတယ် ယွန်းရယ် အခုလို မာမီ့ဆီကို အာဃာတတွေ မထားဘဲ အရင်ဆုံး လာခဲ့ပေးလို့ တို့ကပဲ ယွန်းကို ကျေးဇူးတင်တယ်နော်"
"ရပါတယ် မရတနာ ယွန်းလည်း သားမွေးထားတဲ့သူမို့ သားအပေါ်မှာထားတဲ့ အမေတယောက်ရဲ့ မေတ္တာနဲ့ အတ္တကို နားလည်တတ်နေပါပီ"
"တို့မာမီကတော့ သားခန့်နဲ့မှ ဝဋ်လည်တာဟေ့ တို့နဲ့တုန်းက သူစိတ်တိုင်းကျ အကုန်ထိန်းချုပ်လို့ရခဲ့တော့ သူ့သားကိုလည်း အဲ့လိုဖြစ်စေချင်တဲ့ စေတနာအမှားတွေ ဖြစ်ကုန်တာပါ"

ရင်ခုန်သံထပ်တူWhere stories live. Discover now