အပိုင်း (၁)

6.1K 83 0
                                    

"သားသားရေ ထတော့ မူကြိုကျောင်းသွားဖို့ နောက်ကျနေပီ"
"အင်....ဟင့် ထဝူး"

ယွန်းရွှေလွှာကို တယောက် အသက် 4နှစ်အရွယ် သားဖြစ်သူကို မူကြိုကျောင်း သွားရန် နှိုးနေခြင်းဖြစ်သည်။

"သားလေးရေ မာမီ အလုပ်သွားရမယ်လေ သားကို ကျောင်းပို့ပီးမှ မာမီ သွားရမှာ သားက မာမီ့ကို အဲ့လိုပဲ ဂျစ်ကျနေမှာလား ဟင်"

သားတော်မောင်ကို အပျော့ဆွဲလေးနဲ့ သနားချင်လာအောင် ချော့ပြောရတာလည်း ပညာတခုပင်။

"မာမီ့"
"ရှင် ရှင့်"
"မာမီ သားသားကို ညနေ စောစော လာခေါ်နော် မာမီက အမြဲနောက်ကျတာ သားသား တယောက်ထဲ ဆရာမနဲ့ စောင့်နေရတာ မကြိုက်ပါဝူးဆို"
"သားလေးရယ် မာမီက ကုမ္ပဏီမှာ လုပ်နေရတော့ သားကို ပြန်ကြိုဖို့ နည်းနည်းလေး  နောက်ကျတာပါ တတ်နိုင်သလောက် မာမီ စောစော လာခေါ်ပါ့မယ်နော်"
"ကတိနော် မာမီ"
"ဟုတ်ပါပီ မေ့သားလေးရယ် လာ ထ ရေချိုးကြမယ်"
"ရက်စ် မားးမီ"

ဆံပင်ပျော့အိအိလေးတွေကို လုံးလူံးလေးဖြစ်အောင် ညှပ်ပေးထားပီ အသားလေးက ဖြူဖြူတုတ်တုတ်လေး ဖြစ်နေသော သားဖြစ်သူ မြတ်ဘုန်းခန့် ကို ယွန်းရွှေလွှာကို တယောက် ကြည့်မဝ ရှုမဝ ချစ်မဝ ဖြစ်နေရသည်။ သူမနှင့်တူတာဆိုလို့ အသားဖြူတာလေး တခုသာ ရှိပီး မျက်လုံးလေးတွေ နှုတ်ခမ်းလေး၊ ဆံပင်ပျော့တာလေးကအစ သူ့အဖေနှင့် သွားတူနေသော သားကလေး ပင်။ သားကို မြင်တိုင်း မောင့်ကို သတိရသည်။ အခြေအနေ၊ အဆင့်အတန်း၊ အယူအဆ ကွာဟမှုတွေကြောင့် မောင်က ယွန်းကို အထင်အမြင်လွဲကာ အမုန်းကြီး မုန်းပီး ထားခဲ့သည့်အချိန်တုန်းက ယွန်းမှာ သားလေး ကိုယ်ဝန် ရှိနေမှန်း မသိခဲ့သေးပါ။ ကိုယ်ဝန်ရှိမှန်း သိတဲ့အချိန် မောင့်ကို အသိပေးရန် သွားခဲ့ပေမဲ့ သော့ခတ်ထားသော မောင်တို့ ခြံဝန်းတံခါးကသာ ယွန်းကို ဆီးကြိုနေခဲ့သည်။ မောင်က နိုင်ငံခြားကို မိသားစုလိုက် အပီး ပြောင်းသွားပီတဲ့လေ။

"မေမေ့ ဘာတွေ စဉ်းစားနေတာလဲ"
"ဟင်...အင် ဘာမှ မတွေးပါဘူး သားရယ် မေ‌မေက သားလေးက ချစ်စရာကောင်းလွန်းလို့ ကြည့်ပီး ချစ်နေရတာပါရှင်"
"မေမေ...သားသားကို ဖေဖေတယောက် ဝယ်ပေးပါလားဟင်"
"ဘယ်လို!! အဟင်း..ဟင်း သားလေးရယ် ဖေဖေဆိုတာ ဝယ်လို့မှ မရတာ"
"ကောင်းကောင်း တို့ ဘိုဘိုတို့ ကျတော့ ဖေဖေ ရှိတယ် မာမီရ သားသားကျတော့ ဖေဖေလည်း ရှိဝူး..ဟင့်"

ရင်ခုန်သံထပ်တူWhere stories live. Discover now