အပိုင်း (၁၉)

3.9K 70 1
                                    

ယွန်း ရှက်လွန်းလို့ နေရာမှာတင် အငွေ့ပျံချင်စိတ် ပေါက်နေရသည်။ ဘယ်လိုဖြစ်ပီး အဲ့နေရာကိုမှ တည့်တည့်ထိုင်မိရတာလဲ မသိ။ ခန့်ဝေယံ ဘယ်လောက်တောင် ကြိတ်ရီနေမလဲ တွေးရင်းနဲ့ပင် ယွန်း ရှက်နေရသည်။ ခန့်ဝေယံက ယွန်းရဲ့ အခန်းတံခါးကို လာခေါက်ကာ

"လွှာရေ သားကို မင်း လာခေါ်ဦးလေကွာ သားရဲ့အင်္ကျီတွေက မင်း အခန်းထဲမှာမလား သား အအေးပတ်နေဦးမယ် တံခါးဖွင့်ဦး"

ယွန်း အခန်းတံခါးလေးဖွင့်လိုက်တော့ သားလေးက တဘက်လေး ခြုံ၍ ချမ်းလို့ တုန်နေသည်။

"ဆောရီး သားရယ် မာမီ မေ့သွားလို့"
"ရှက်မနေပါနဲ့ လွှာရယ် မင်းနဲ့ကိုက ဒီလောက်ကို ရှက်ရမယ့် လူတွေမှ မဟုတ်တာ"
"ရှင် တော်တော့နော် ထပ်မစနဲ့"

မချိုမချဉ် မျက်နှာပေးနဲ့ ယွန်းကို စနေသော ခန့်ဝေယံကို ယွန်း မျက်စောင်းလေး ထိုးလိုက်ပီး ရန်စောင်နေပုံလေးက ကလေးတယောက်အမေနဲ့ မတူဘဲ အပျိုဖြန်းလေး လို ချစ်စရာကောင်းနေပြန်သည်။

ဒီနေ့တော့ ယွန်း သားသားကို ခန့်ဝေယံနဲ့ ထားခဲ့ကာ အလုပ်ကိစ္စ အစည်းအဝေး သွားတက်လေသည်။ အစည်းအဝေးပီးသွားတော့ နေ့လည်3နာရီ ထိုးနေပီ။ အိသန္တာနဲ့ တူတူ ကားပါကင်သို့ ပြန်လာစဉ်

"ဟေး အိသန္တာ မတွေ့တာကြာပီ သူငယ်ချင်း"
"ဟယ် ဝဏ္ဏ နင် ဘယ်တွေ ပျောက်ပီး ဘာတွေ လုပ်နေတာလဲ"
"အေး ငါ အခု construction company အသေးလေး ဖွင့်ထားတာ အခုမှ ကြိုးစားနေတုန်း အခြေအနေပါပဲ ဒါနဲ့ သူက ယွန်းရွှေလွှာကို မလား ငါ့ကို မှတ်မိလား ငါ ဝဏ္ဏလေ"
"မှတ်မိပါတယ် ဝဏ္ဏ တွေ့ရတာ ဝမ်းသာပါတယ်"
"ကဲ တို့သူငယ်ချင်းတွေ ပြန်ဆုံတုန်း လက်ဖက်ရည်သောက်ကြမယ်လေ ငါ့ကားနဲ့ပဲ တူတူ သွားလိုက်ကြမလား ငါ ကားသွားယူလိုက်မယ် ယွန်းနဲ့ ဝဏ္ဏ ခနစောင့်နော်"

ပြောပြောဆိုဆိုနဲ့ အိက ကားသွားယူသည်မို့ ယွန်းနဲ့ ဝဏ္ဏ နှစ်ယောက်တည်း ကျန်ခဲ့သည်။

"ယွန်း နင်ရော အခု ဘာတွေ လုပ်နေလဲ ငါကျောင်းပီးတော့ နင် ကျောင်းနားသွားတယ်လို့ပဲ သတင်းကြားလိုက်တာ"
"အင်း ဟုတ်တယ် ဝဏ္ဏ ငါ ကျောင်း နှစ်နှစ်နီးပါးလောက် နားလိုက်တာ ပီးမှ ပြန်တက်ရတော့ နင်တို့နဲ့ ဘွဲ့ရတဲ့ နှစ် ချင်းမတူတော့တာ ဖြစ်မယ်"
"အခုတော့ အိမ်ထောင်တွေ ဘာတွေကျနေပီလား"
"အင်း သားလေး တယောက်ရှိတယ်"

ရင်ခုန်သံထပ်တူOù les histoires vivent. Découvrez maintenant